လိဒ်ယူနိုက်တက် ကို အနိုင်ရရှိတဲ့ပွဲမှာ ခြေစွမ်းအပြဆုံးဖြစ်ခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့် ကစားသမား
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်ပွဲစဥ်မှာ လိဒ်ကို မားကတ် ရက်ဖို့ဒ် ၊ အယ်လေဟန်ဒရို ဂါနာချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့်ဒီပွဲစဥ်ရဲ့အကောင်းဆုံးကစားသမားဆု Player of the Match) ကိုတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်က ရရှိခဲ့ပါတယ်။
သရဲနီ ပရိသတ်တွေရဲ့ မကြာခဏ ဝေဖန်ခံနေရတဲ့ ဖရက်ဟာ ယနေ့ ပွဲစဥ်မှာ tackles ( ၈ ) ကြိမ်ပြုလုပ်ပြီး ဘောလုံး ပိုင်ဆိုင်မှု ပြန်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ် ပွဲစဥ်တစ်ခုမှာ ကစားသမားတစ်ဦးကနေ အများဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။
နောက်ပြီး လိဒ်နဲ့ပွဲစဥ်အတွင်း ဘရာဇီးလ် ကွင်းလယ်လူရဲ့ defensive actions ပြုလုပ်မှုတွေကို အောက်ပါပုံမှာ မြင်တွေ့နိုင်ပါတယ်။
defensive actions ထဲမှာtacklesတွေ၊ tackles ပြုလုပ်ဖို့ ရည်ရွယ်တာတွေ ၊ ရှင်းထုတ်မှုတွေ ၊ တားဆီးမှုတွေ ၊ ဖြတ်တောက်မှုတွေ ပါဝင်ပါတယ်။
ဒီပုံကို ကြည့်မယ်ဆိုရင်ဖရက်က တစ်ကွင်းလုံး ပြေးလွှားပြီး မရပ်မနား ကြိုးစားပေးခဲ့တာ တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် ဖရက်က ( ၁၀ ) ကီလိုမီတာထိ ပြေးလွှားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုကိုလည်း ( ၁၁ ) ကြိမ်ထိ ပြန်ယူပေးခဲ့ပါတယ်။ ယှဥ်လုယူမှုတွေမှာလည်း ( ၁၁ ) ကြိမ် အောင်မြင်ခဲ့ပြီး Final 3rd entries လည်း ( ၈ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
Zawgyi