ယူနိုက်တက် ကစားသမားဟောင်းကြီး ရှမိုက်ကယ် ရဲ့ စံချိန်ကို မကြာခင်ကျော်ဖြတ်တော့မယ့် ဂိုးသမား ဒီဂီယာ
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်(၂၃)အဖြစ် လိဒ်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ရက်သတ္တပတ် ၄ရက်အတွင်းမှာ လိဒ်စ်အသင်းနဲ့ (၂)ကြိမ်မြောက် ရင်ဆိုင်ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။
ပထမအကျော့မှာ လိဒ်စ်အသင်းက ဦးဆောင်ဂိုးတွေသွင်းပြီး ယူနိုက်တက်က နောက်ကလိုက်ကာ သရေရလဒ် ရယူခဲ့ရတာပါ။
ယခု ဒုတိယအကျော့အဖြစ် လိဒ်စ်အသင်းရဲ့ အိမ်ကွင်းမှာတော့ ယူနိုက်တက်အသင်းက ၂ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ သွင်းဂိုးတွေကိုတော့ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်နဲ့ လူစားဝင် ကစားသမား ဂါနာချိုတို့က သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။
၎င်းပွဲစဥ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာအတွက်ကတော့ အမှတ်ရစရာ ပွဲတစ်ပွဲအဖြစ် ရှိနေမှာပါ။
ဒီဂီယာအတွက် ကစားသမားဘဝတစ်လျှောက်မှာ ပရီးမီးယားလိဂ် ပွဲပေါင်း(၄၀၀)ပြည့်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။
၎င်းအရေအတွက်ဟာအဂ်လန်ကစားသမားမဟုတ်တဲ့ ပြည် ပကစားသမားတွေထဲမှာ ပွဲအများဆုံး ကစားထားတဲ့ အရေအတွက်တစ်ခုပါ။
ဒါ့အပြင်၎င်းပွဲစဥ်မှာ ဂိုးမပေးခဲ့ရသလို၊ ဒီရာသီမှာClean Sheet (၉)ပွဲအထိ ပိုင်ဆိုင်ထားနေပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်သမိုင်းတစ်လျှောက်မှာလည်း ဂိုးမပေး(၁၇၈)ပွဲအထိ စွမ်းဆောင်ထားပြီး၊ ရှမိုက်ကယ်နဲ့အတူ ထိပ်ဆုံးမှာ အတူရပ်တည်နေတာပါ။
ဒီဂီယာကတော့သူ့အတွက် မမေ့နိုင်စရာ မှတ်တမ်းကောင်းတွေ ရရှိခဲ့တဲ့ ပွဲစဥ်အပေါ် “ပြီးပြည့်စုံတဲ့ နေ့လေးတစ်နေ့ပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီဂီယာအနေနဲ့ ယူနိူက်တက် အသင်းနဲ့အတူ ကစားသမားဘဝကို ကုန်ဆုံးဖို့ ရည်ရွယ် ထားတာပါ။
Zawgyi