sports Manu

တပည့်ကျော်ဂိုးသွင်းပြီး အောင်ပွဲခံနေတာကို ကွင်းပြင်ကနေဖခင်ကသားတစ်ယောက်ကို ဂုဏ်ပြုနေသလိုမျိုး ပျော်ရွင်နေတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ်(၂၃)အဖြစ် လိဒ်စ်အသင်းနဲ့ ကစားခဲ့တာပါ။

ပထမအကျော့မှာ တ်ဖက်(၂)ဂိုးစီနဲ့ ခက်ခက်ခဲခဲ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ယခုအကြိမ် ဒုတိယအကျော့မှာတော့ ယူနိုက်တက်အသင်းက (၂)ဂိုးပြတ်သွင်းပြီး အနိုင်ရခဲ့တာပါ။

ယူနိုက်တက်အသင်းအတွက်သွင်းဂိုးတွေကိုတော့ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပထမပိုင်းမှာ အတော်လေး ရုန်းကန်နေခဲ့ရပြီး ကွင်းလယ်က အားနည်းနေခဲ့တာပါ။

သို့ပေမယ့်လည်း ယူနိုက်တက်အသင်းက ဒုတိယပိုင်းမှာ နည်းပြကြီးအဲရစ်တန်ဟန့်ကိုယ်တိုင်လူစားလဲကာ နည်းစ နစ် အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

ပွဲချိန်(၆၁)မိနစ်မှာဆန်ချိုနဲ့ မာလာစီယာတို့ကို အနားပေးပြီး၊ ဂါနာချိုနဲ့ မာတီနက်ဇ်တို့ကို လူစားဝင် ကစားစေခဲ့တာပါ။

အထူးသဖြင့် ဂါနာချို ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ တိုက်စစ်က သိသိသာသာ တိုးတက်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန်(၈၀)မိနစ်မှာ လုခ်ရှောရဲ့ ပေးပို့မှုကနေ မားကပ်ရက်ရှ်ဖို့ဒ်ကအမှားအယွင်းမရှိလှလှပပ ခေါင်းတိုက်သွင်းပေးခဲ့တာပါ။

၎င်းနောက်မှာတော့တိုက်စစ်မှုးဗက်ဟော့စ်ရဲ့ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂါနာချိုက ညာခြေနဲ့ ခပ်ပြင်းပြင်းကန်ပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂါနာချို ဂိုးသွင်းလိုက်တဲ့အချိန်မှာတော့ နည်းပြကြီး အဲရစ်တန်ဟန့်ကတော့ ဖခင်တစ်ယောက်ရဲ့ ပျော်နေသလို မျက်နှာမျိုးနဲ့ ကွင်းဘေးကနေ အောင်ပွဲခံနေခဲ့တာပါ။

နည်းပြကြီးရဲ့ လူစားလဲမှု မှန်ကန် ကောင်းမွန်ခဲ့သလို၊ နာချိုအတွက် ဝေဖန်သံတွေကို သက်သေပြ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi