နိုင်ပွဲရလို့ပျော်နေတဲ့ ယူနိုက်တက်အသင်း ကို အပြင်းထန်ဝေဖန်ခဲ့တဲ့ ကစားသမားဟောင်း နဗီးလ်(အလုပ်မရှိအကိုင်မရှိဝေဖန်ဖို့ပဲသိတဲ့ဘဲကြီး)
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်ဟာ လိဒ်စ်နဲ့ပွဲကအသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး အားမလိုအားမရဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လိဒ်စ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်ရဲ့အဖွင့်ဂိုးမတိုင်ခင် ကစားကွက်အသာမရခဲ့ဘဲ အမှားများခဲ့သလို လိဒ်စ်အသင်းရဲ့အခွင့်အရေးတွေကို ဂိုးသမားဒီဂီယာ ကာကွယ်နိုင်လို့သာ ဂိုးမပေးခဲ့ရတာပါ။
အဲဒါကြောင့် ပထမပိုင်းအပြီးမှာ ဂယ်ရီနဗီးလ်က ယူနိုက်တက်အသင်းရဲ့ခြေစွမ်းကို ဝေဖန်ခဲ့ပြီး သူ့ Twitter မှာ ရူးသလိုကြောင်သလိုကစားကွက်နဲ့ခံစစ်မှာ လေးကန်နေတဲ့ပုံနဲ့ ဘောလုံးပေးကစားနေတာတွေ ရပ်လိုက်တော့ ပထမပိုင်းခြေစွမ်းက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက ပွဲနဲ့ ဘာမှမကွာဘူး’လို့ရေးသားခဲ့ပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်အတွက် အဖွင့်ဂိုးကို
မိနစ်(၈၀)မှာ လုခ်ရှောရဲ့ ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ်ခေါင်းတိုက်သွင်းယူပြီးချိန်မှာ ဂယ်ရီနဗီးလ်တစ်ယောက် ဝမ်းသာအားရဖြစ်ပြီး‘ကြိတ်လိုက်စမ်းကွ’ဆိုပြီးတော့ Post ထပ်တင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် ဒုတိယဂိုးကို (၈၅)မိနစ်မှာ ဂါနာချိုကသွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဟာ Elland Road မှာလိဒ်စ်အသင်းကို (၂)ရာသီဆက် (၂၀၂၁-၂၂၊ ၄-၂ ဂိုး၊ ၂၀၂၂-၂၃၊ ၂-၀ ဂိုး)အနိုင်ရခဲ့သလို ဒါက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
Zawgyi