ဘာစီလိုနာအသင်းနဲ့ယူရိုပါလိဂ်ကန်ဖို့နီးနေမှအဓိက ကစား သမားတစ်ဦးကိုထက်မံဆုံးရှုံးအုံးမယ့် ယူနိုက်တက်အသင်း
မန်ယူနိုက်တဒ်အတွက် ယခုရာသီရဲ့ အရေးကြီးဆုံးကာလအပိုင်းခြားကိုပြပါဆိုရင် ယခုလာမယ့် ရက်ပိုင်းအတွင်း ကစားရမယ့် ဘာစီလိုနာ နဲ့ ပွဲက တစ်ပွဲအပါဝင်ဖြစ်ပါလိမ့်မယ်။တန်ဟဂ် အတွက် ဒီပွဲဟာ in form အဖြစ်ဆုံးသောအသင်းကို ဥရောပအဆင့်မှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ စိန်ခေါ်မှုအသစ်လို့ ဆိုရမှာဖြစ်ပြီး ကစားသမားတွေ ဒဏ်ရာ နဲ့ ပွဲပယ်ပြသနာ ရှိနေတာကတော့ လူစာရင်းရွေးချယ်မှုမှာ အခက်ခဲကြုံတွေ့နိုင်ပါတယ်။
အထူးသဖြင့် ကွင်းလယ်မှာ လိုအပ်ချက်ရှိနေတဲ့ ယူနိုက်တဒ် အတွက် အငှားခေါ်ယူထားတဲ့ ကစားသမားသစ် ဆဘစ်ဇာ ကို လာမယ့်ဘာစီနဲ့ပကျော့ အသုံးမပြုနိုင်တာက တန်ဟဂ်အတွက်အနည်းငယ် စိတ်ရှုတ်စေမှာတော့ သေချာပါတယ်။
ဘိုင်ယန်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲတွေအတွင်း အဝါကဒ်ထိခဲ့လို့ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး UEFA ရဲ့စည်းမျဉ်းအရပြိုင်ပွဲတစ်ခုကနေနောက်တစ်ခုကို ရောက်ရှိသွားရင်လည်း UEFA ကြီးကြပ်မှုအောက်မှာယှဉ်ပြိုင်နေတာဆိုရင် ပြစ်ဒဏ်ကိုဆက်လက် ခံယူရမှာဖြစ်တာကြောင့် ယူရိုပါလိဂ် ဖြစ်သည့်တိုင် ဆဘစ်ဇာ က အဝါကဒ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရမှာပဲ ဖြစ်ပါတယ်။
ဆဘစ်ဇာ အနေနဲ့ စပိန်မြေမှာ ကစားမယ့် ပကျော့ကို လွဲချော်မှာဖြစ်ပေမယ့် အိုးထရဒ့်ဖိုဒ့် မှာ ယှဉ်ပြိုင်မယ့် ဒုကျော့ကိုတော့ ပါဝင်နိုင်မှာဖြစ်ပါတယ်။
ဆဘစ်ဇာမပါဝင်နိုင်ပေမယ့် သတင်းကောင်းအနေနဲ့ ကတ်စမဲရိုး ပြန်လည်ပါဝင်မှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် (၃)ပွဲ အပယ်ခံထားရလို့ ကြံခိုင်မှုရော စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်းနေမယ့် ကတ်စမဲရိုး က သူ့ရဲ့ အောင်မြေဟောင်း စပိန် ကို လိုက်ပါလာမှာဖြစ်ပြီး တချိန်က မဟာရန်သူတော်ကြီး ကတ်တလန်သားတွေနဲ့ စစ်ခင်းဖို့ အသင့်ရှိနေပါလိမ့်မယ်။
တန်ဟဂ် အတွက် ဆဘစ်ဇာ မပါဝင်နိုင်တာကြောင့် ကွင်းလယ်မှာရွေးချယ်စရာ များများစားစားမရှိပဲ ကတ်စမဲရိုး-ဖရဒ်-ဘရူနို အတွဲဖက်ကိုသာ အသုံးပြုရဖွယ်ရှိပါတယ်။နောက်ခံလူ မာတီနက်ဇ် လည်း တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် နူးကမ့်မှာ ကစားမယ့် ပကျော့ကို လွဲချော်မှာဖြစ်ပါတယ်။
Zawgyi