အာဆင်နယ်အသင်း ကို ယူနိုက်တက်ကျော်တက်သွားနိုင်တယ်ဆိုတာကို ခန့်မှန်းပေးလိုက် မိုက်ကယ်အိုဝင်
လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ရကာ ခြေစွမ်းကောင်းကို ဆက်ထိန်းထားနိုင်ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် မမြင်ရင် ရူးမိုက်ရာကျကြောင်း မိုက်ကယ် အိုဝင်က ပြောဆိုလာပါတယ်။ နည်းပြ အဲရစ် တန်ဟန့်ရဲ့ မန်ယူအသင်းဟာ ဗုဒ္ဓဟူးနေ့တုန်းက
အိမ်ကွင်းမှာလိဒ်စ်ယူနိုက်တက်ကို၂ ဂိုး- ၂ ဂိုးစီနဲ့ သရေကျကာ ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့ပေမယ့်၊ ဒီတစ်ကြိမ် အဝေးကွင်းမှာတော့ မားကပ် ရက်ရှ်ဖို့ဒ်၊ အလက်ဂျန်ဒရို ဂါနာချိုတို့ရဲ့ ပွဲကစားချိန် နောက်ပိုင်းရောက်မှ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အမှတ်ပေးဇယားရဲ့
အဆင့် ၃ နေရာမှာ ၄၆ မှတ်နဲ့ ရပ်တည်လျက်ရှိနေပြီး၊ နောက်တစ်ပတ်မှာမန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ တွေ့ဆုံနေတာကြောင့် အမှတ်ပေးဖလားကို မျှော်လင့်လို့ရနိုင်သေးတာ ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီရာသီမှာအမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်သလားလို့ မေးတဲ့အခါ အိုဝင်က
လုံးဝသေချာပေါက်ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်တို့ကသာ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ပုံစံအတိုင်းကစားနေမယ်ဆိုရင်၊ ဆုဖလားက ဒီနှစ်သင်းကြား လုရမာပဲလို့ ကျွန်တော် ပြောမာပါ။ ဒါပေမယ့် ဒီနှစ်သင်းစလုံးက အခုခြေစွမ်းပိုင်းအနည်းငယ်ယိုင်လာတယ်။ အာဆင်နယ်က ရမှတ်ခြောက်မှတ် ”
ရနိုင်ချေထဲကနေ တစ်မှတ်ပဲရတယ်။ မန်စီးတီးကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကလို အံ့သြစရာကောင်းတဲ့ပုံစံမျိုး ရလိမ့်မယ်လို့ မထင်ဘူး။ သူတို့က နှစ်ကြိမ်ကစားရအုန်းမယ်၊ ဒီတော့ အဲ့ဒီမှာ ရမှတ်လျော့တာတွေ ရှိလာနိုင်တယ်။ အဲ့ဒီအတွက်ကြောင့် မန်စီးတီးကို ထည့်တွက်မယ်ဆိုရင် မန်ယူကိုလည်း ထည့်တွက်ရပါမယ်။ ကစားဖို့ ပွဲတွေက အများကြီးကျန်ပါသေးတယ် ” လို့ ဆိုခဲ့ပါတယ်။
Zawgyi