Manu sports

သူ့တပည့်ကျော် ဒေါက်တာ ရက်ရှ်ဖိုဒ့် က ဥရောပတခွင်မှာ အနေထားက ရွှေကျားဖြစ်နေပြီလို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

သူ့တပည့်ကျော် ဒေါက်တာ ရက်ရှ်ဖိုဒ့် က ဥရောပတခွင်မှာ အနေထားက ရွှေကျားဖြစ်နေပြီလို့ ဆိုလိုက်တဲ့ တန်ဟက်ဂ်

တန်ဟက် ” ရပ်ရှ်ဖို့ဒ်ရဲ့လက်ရှိအနေအထားက ဥရောပထိပ်သီး တိုက်စစ်မှူးတွေထဲက တစ်ဦးပဲ။ အစပိုင်းမှာကတည်းက သူ့ရဲ့အရည်အသွေးမျိုးကို ဒါမျိုးဖြစ်ကြောင်း ကျွန်တော် က လက်ခံထားပါတယ်။ ကျွန်တော်ကိုက သူ့ဆီကအကောင်းဆုံးအရည်အသွေးမျိုးကိုရခဲ့တာလို့ထင်မြင်မိ ပါတယ်။ သူ့ဆီမှာ မြင့်မားတဲ့အလား အလာမျိုးတွေရှိ ထားပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ခေါင်းတိုက်ဂိုးလား? ဒီဂိုးကိုမေးဖို့ဆိုရင် ခင်ဗျာအနေနဲ့ နေရာယူမှု မှန်မမှန်ကို ပြန်မေးရမယ်။ ဒါမျိုးဂိုးတွေသွင်းဖို့ဆို ခင်ဗျာအနေနဲ့ နေရာယူမှုမြန်နေရပါမယ်။ ယုံကြည်မှုရှိ မရှိကိုလည်း မေးခွန်းထုတ်ရဦးမယ်။ ပွဲစဥ်တွေမှာ ရပ်ရှ်ဖို့ဒ်က အခွင့်အရေးတွေကို ရခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ကသူများရဲ့ပေးပို့မှုတွေကိုအဆုံးသတ် ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာမှာ အရည်အချင်းရှိပါတယ်။ ရပ်ရှ်ဖို့ဒ်ကိုက ညာခြေ၊ဘယ် ခြေ၊ ခေါင်းတိုက် အစရှိတာတွေနဲ့ဂိုးသွင်းနိုင်တဲ့သူပါ။ ညတောင်ပံဘက်ခြမ်း ကျတော့သူ့ရဲ့အရည်အသွေးပေါ်မူတည်ပြီး ဂိုးတွေရနိုင်ပါတယ်။ ဒါပေမယ့် အသင်းက တော့ ဒီနေ့ပွဲတွေမှာ ဂိုးရဖို့ ဘယ်လိုအနေအထားမျိုးမဆို သူ့ကို ဘောလုံးတွေ ပံ့ပိုးပေးပါတယ်။

အကယ်လို့ ခင်ဗျာမှာသာကျေနပ်မှုရှိနေရင် ရပ်ရှ်ဖို့ဒ်က သူ့ရဲ့ဂိုးသွင်းနှုန်းကို ရပ်တန့်ပါလိမ့်မယ်။ အစောတုန်း ပြောခဲ့သလို ကျေနပ်မှုရှိတယ်ဆိုတာ ခင်ဗျာကို ငပျင်း ဖြစ်စေပါတယ်။ ခင်ဗျာအနေနဲ့ နေ့စဥ်နေ့တိုင်း ကိုယ့်ရဲ့ တိုးတက်မှုအတွက် အမြဲတမ်း အလုပ်တွေလုပ်နေရပါမယ်။

ပွဲတိုင်းကို အာရုံစိုက်ပြီး ကြိုးစားကစားရင် သူပွဲတိုင်းဂိုးသွင်းပါလိမ့်မယ်နည်းပြ၊ ဝန်ထမ်းတွေက သူ့ကို တွန်းအားပေးရမယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဂိုးသွင်းနိုင်ဖို့က ကစားသမားအာရုံစိုက်မှုနဲ့လည်း ဆိုင်ပါတယ်။ အကယ်လို့ သူ့ရဲ့အာရုံစိုက်မှုမရှိရင် သူ့ရဲ့ဂိုးသွင်းမှုက ရပ်တန့်သွားမှာပါ။ “ပြောကြားခဲ့ပါတယ်။