အရင်တစ်ခေါက်ကတော့ ဝယ်ယူမယ်ဆိုပြီးနောက်ပြောင်ခဲ့ပင်မယ့် အခုတစ်ခေါက်ကတော့ ယူနိုက်တက်ကို အမှန်တကယ်ဝယ်ယူချင်နေတယ်လို့ ထုတ်ပြောလာတဲ့ အီလွန်မက်
အီလွန်မက်ဆိုတာ ငွေကြေး နှင့် ရူးသွပ်မှုတွေကို သဘောကျတဲ့သူဖြစ်ပါတယ်။ နောက်ပြီ သူက မန်ချက်စတာ ယူနိုက်တက်ကိုလည်း သဘောကျပါသေးတယ်။ ဒီကလပ်ကို ဝယ်ယူနိုင်တဲ့ အနည်းအကျဥ်း လူပုဂ္ဂိုလ်တွေထဲမှာ သူလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ဒေးလ်လီးမေး သတင်းထောက် Mike Keegan ရဲ့ ယနေ့ည ဖော်ပြချက်အရ နည်းပညာလောက ဘီလီယံနာဖြစ်သူဟာ ဒီအခြေအနေကို အနီးကပ် လေ့လာနေပြီး အိုးထရတ်ဖို့ဒ်မှာ သူမလွဲချော်သင့်တဲ့ အခွင့်အရေးများ ရှိမနေမလားဆိုတာ သိရှိရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကို ဝယ်ယူလိုသူတွေအနေနဲ့ သောကြာနေ့ နောက်ဆုံးထား ကမ်းလှမ်းရဖို့ ရှိပြီး စိတ်ဝင်စားနေသူ ဒါဇင်ချီရှိတယ်လို့ သိရပါတယ်။
အီလွန်မက်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း တွစ်တာကနေ မန်ယူနိုက်တက်ကို ဝယ်ယူတော့မယ်လို့ ရေးသားခဲ့ဖူးပါတယ်။
ဒါပေမယ့် နောက်နေ့မှာတော့ သူက ဟာသအဖြစ်သာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့် Tesla က “ တစ်သင်းသင်းကို ဝယ်ဖြစ်မယ်ဆိုရင် မန်ယူနိုက်တက်ပဲ ဖြစ်ပါလိမ့်မယ် ။ သူတို့က ကျွန်တော် ကလေးဘဝတုန်းက အနှစ်သက်ဆုံးအသင်းဖြစ်ခဲ့ပါတယ်။”လို့ ဆက်လက်ရေးသားခဲ့ပါတယ်။