Manu sports

ပရိသတ်တွေစောင့်မျော်နေတဲ့ ပိုင်ရှင်သစ်ဟာ မကြာခင်ရက်ပိုင်းတွင်း ထွက်ပေါ်လာဖို့ရှိနေ

ပရိသတ်တွေစောင့်မျော်နေတဲ့ ပိုင်ရှင်သစ်ဟာ မကြာခင်ရက်ပိုင်းတွင်း ထွက်ပေါ်လာဖို့ရှိနေ

ကာတာရင်းနှီးမြှုပ်နှံသူတွေဟာ ရက်ပိုင်းအတွင်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ရှိကြောင်းအဆိုပါအကြောင်းအရာနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရကြောင်း Bloomberg သတင်းဌာနကနေ ယနေ့ပဲ ဖော်ပြလာပါတယ်။

ကာတာလုပ်ငန်းစုက ဒီအပတ်ကုန်မှာအိုးထရတ်ဖို့ဒ်ကလပ်အတွက်ကနဦးကမ်းလှမ်းသွားမယ်လို့ပြောပါတယ်။

နယူးယောက်ဘဏ်တစ်ခုဖြစ်တဲ့Raine Group ကလည်း ယူနိုက်တက်ပိုင်ရှင် အမေရိကန်အခြေစိုက် ဂလေဇာမိသားစုကို အကြံပေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ကာတာ အီမာစော်ဘွားဖြစ်သူ Sheikh Tamim bin Hamad Al Thani ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်ဖြစ်ပြီး ကမ္ဘာ့ အကြီးမားဆုံး အားကစား ဘရန်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးအား လက်လွတ်ခံဖို့ အလားအလာနည်းကြောင်း သိရပါတယ်။

စကိုင်းစပို့ရဲ့အကြီးတန်းသတင်းထောက်KavehSolhekol ကလည်း ကာတာ တော်ဝင်မိသားစုနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာမန်ချက်စတာယူနိုက်တက်ကို သောကြာ နေ့မှာ ကမ်းလှမ်းသွားဖို့ရှိကြောင်း ခုလေးတင် ရေးသားထားပါတယ်။

တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် မချရသေးပေမယ့် ကမ်းလှမ်းဖို့ အလားအလာများပါတယ်။နောက်ပြီး သူတို့ကအလွန်အကျွံငွေပမာဏနဲ့ ကမ်းလှမ်းသွားဖို့ မရှိကြောင်း သိရပါတယ်။

အားကစားရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူAdamSommerfeld ကတော့ ယူနိုက်တက်အတွက် ကမ်းလှမ်းမှုတွေဟာ အောင်မြင်ဖို့ ပေါင် ၄ ဘီလီယံကျော် လိုအပ်ကြောင်း ခန့်မှန်းထားပါတယ်။

Zawgyi






