အသင်း ရဲ့ နောက်တန်းကိုပိုမိုခိုင်မာဖို့အတွက် လာမယ့်အပြောင်းရွေ့မှာ တပည့်ဟောင်းကို မြင့်မားတဲ့ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ တန်ဟက်ဂ်
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အမှတ်ပေးချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရေးအတွက် ပြုပြင်မှုတွေ ပြုလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ညနောက်တန်းအစွန် ကစားသမားနေရာအတွက် ပေါ်တူဂီလက်ရွေးစင်ကစားသမား ဒီယေဂိုဒါးလော့နဲ့ ပွဲထွက်ခွင့် ပြိုင်ဆိုင်နိုင်ရန် အခြားနောက်တန်းအစွန်ကစားသမား တစ်ဦးကို ရှာဖွေလျှက် ရှိပြီး ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ ဒမ်ဖရီးကို အားစိုက်ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့La Gazzetta Dello Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်လာတဲ့ နယ်သာလန်နောက်တန်း အစွန်လူအတွက်အင်တာမီလန်အသင်းကစာချူပ်သက်တ မ်း ၂နှစ်ကျော်ခန့် ကျန်နေသေးချိန်မှာ ပြောင်းအရွှေ့ကြေးအနေဖြင့် အနိမ့်ဆုံး ယူရိုသန်း ၅၀(ပေါင် ၄၄သန်း) တောင်းဆိုးသွားဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေဖြင့်ဒန်ဇယ်လ် ဒမ်ဖရီးစ်ကို ခေါ်ယူလိုပါကအင်တာမီလန်အသင်းတောင်းဆိုထားတဲ့ပြောင်ရွှေ့ကြေးပမာဏကို တစ်လုံးတစ်ခဲတည်း ပေးချေသွားရနိုင်ပါတယ်။
နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက လိဒ်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ပိုင်းအသင်းတွေနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောက်လာခဲ့သလို လာမယ့်ကြာသပတေးနေ့ညမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ကာ နည်းပြဇာဗီနဲ့အတူ ပုံစံကောင်းရနေတဲ့ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
Zawgyi