ဘာစီလိုနာ နဲ့ ယှဥ်ပြိုင်ဖို့အတွက်ရှိတာလေးနဲ့ လှအောင်ပြင်ပြီးကစားရတော့မယ့် ယူနိုက်တက်အသင်း
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုတစ်ပတ်မှာ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။စပိန်လာလီဂါ ထိပ်တန်းကလပ် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ နူးကမ့်မှာ ကစားရမှာပါ။
ယူနိုက်တက်အသင်းအတွက်ကတော့စပိန်မြေကိုသွားရော က်ကစားရမှာဖြစ်ပြီး ခက်ခဲတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာတော့ အသေအချာပါပဲ။
ယူနိုက်တက်အသင်းကတော့ အဓိက ကစားသမားအများစု ၎င်းပွဲစဥ်မှာ လွဲချော်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အားသာချက် တစ်ခုအနေနဲ့ အဓိက ကွင်းလယ်လူ ကစ္စမဲရိုး ပြန်လည် ပါဝင်လာမှာဖြစ်ပြီး၊ နည်းပြကြီးအတွက် သက်သာရာတစ်ခု ဆိုရမှာ။
လွဲချော်ဖို့ ရှိနေတဲ့ ကစားသမားတွေကတော့ ဒဏ်ရာရနေတဲ့ ကစားသမားတွေအပါအဝင် စုစုပေါင်း(၇)ယောက်အထိ ပါဝင်နေတာပါ။
အသင်းရဲ့ အားထားရတဲ့ ခံစစ်မှုး လီဆန်ဒရိူ မာတီနက်ဇ်အနေနဲ့လည်း နူးကမ့်ကို သွားမယ့်ပွဲမှာ ပါဝင်ကစားခွင့် ရမှာ မဟုတ်ပါဘူး။
ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဥ်တွေမှာ အဝါကဒ် (၃)ကြိမ်အထိ ပြသခံထားရတာကြောင့် ဘာစီလိုနာအသင်းနဲ့ ပထမအကျော့ကို လွဲချော်မှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ မာဆယ် ဆဘစ်ဇာအနေနဲ့လည်း ချန်ပီယံလိဂ်မှာ ဘိုင်ယန်နဲ့ကစားခဲ့စဥ်က အဝါကဒ်(၃)ကြိမ် ပြသခံထားရတာကြောင့် လွဲချော်ဦးမှာပါ။
နောက်ထပ် ပါဝင်နိုင်မှာ မဟုတ်တဲ့ ကစားသမားတွေကတော့ ကာလရှည် ဒဏ်ရာ ရထားတဲ့ ကစ္စမဲရိုးနဲ့ ဗန်ဒီဘိခ်တို့(၂)ဦးလည်း ရှိနေပါသေးတယ်။
ဒါ့အပြင် အပေါ့စား ဒဏ်ရာတွေ ရထားကြတဲ့ တိုက်စစ်မှုး မာစီယဲလ်၊ အန်တိုနီနဲ့ တွန်မိနေးလ်တို့လည်း လွဲချော်အုံးမှာလို့ အတည်ပြုထားပါတယ်။
သို့ပေမယ့်လည်းနည်းပြကြီးအဲရစ်တန်ဟန့်ကတေအကောင် ဆုံး အခင်းအကျင်းနဲ့ ဘာစီလိုနာအသင်းကို ယှဥ်ပြိုင်သွားမှာပါ။
Zawgyi