Manu sports

ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ခဲ့တာကို ဘရိုက်အသင်းအင်တာဗျူးမှာ ဖြေကြားခဲ့ပြီးပါပြီလို့ ဆိုလိုက်တဲ့ ဘရိုက်တန်ကြယ်ပွင့်ကစားသမား

ဒီရာသီ ပရီးမီးယားလိဂ်တွင် ရုတ်တရက်ထွက်ပေါ်လာတဲ့ ကြယ်ပွင့် ကစားသမားတစ်ဦး ဘရိုက်တန်မှာ ရှိနေပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် တိုက်စစ်မှူး အီဗန် ဖာဂူဆန်ဟာ အာဆင်နယ် ၊ လက်စတာ ၊ ဆောက်သမ်တန်တို့နဲ့ ပွဲစဥ်တွေမှာ ဂိုးသွင်းပြီး ကမ္ဘာ့ ဘောလုံး စင်မြှင့်ပေါ်သို့ တက်လှမ်းလာခဲ့ပါတယ်။

ဆယ်ကျော်သက် ကစားသမားဟာ ခန္ဓာကိုယ်တောင့်တင်းပြီး လျင်မြန်မှုရှိသလို ဂိုးမျက်စိလည်း ပိုင်ဆိုင်ထားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ကစားဖို့ အသင့်ဖြစ်နေပါပြီ။

ဇန်နဝါရီလကုန်တုန်းက လီဗာပူးလ်နဲ့ ပွဲစဥ်မှာ ဖာဘင်ဟိုရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားခဲ့ပြီး ပြီးခဲ့တဲ့အပတ် ပဲလေ့စ်နဲ့ ပွဲစဥ်မှာ ပြန်လည်ကစားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကအထောင် တိုက်စစ်မှူး ရှာဖွေနေပြီးဟယ်ရီကိန်းလိုချက်ချင်းအကျိုးပြုနိုင်မယ့် တိုက်စစ်မှူးမျိုး အလိုရှိတာဆိုပေမယ့် ရှေရှည်အတွက်လည်း ကြိုစဥ်းစားထားသင့်ပါတယ်။

ဖာဂူဆန်ဟာ ပရီးမီးယားလိဂ် ( ၆ ) ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု ( ၅ ) ကြိမ်ထိ ပြုလုပ်ထားပြီး ကာရာဘောင်ဖလားပွဲစဥ်မှာပါ သွင်းဂိုး နှင့် ဖန်တီးမှုတွေ ပြုလုပ်ထားတာကြောင့် စီနီယာအသင်းကြီးနဲ့ ပထမဆုံး ( ၈ ) ပွဲမှာပဲ တိုက်ရိုက်ဂိုး ပါဝင်ပတ်သက်မှု ( ၇ ) ကြိမ်ထိ ပြုလုပ်ထားသူဖြစ်ပါတယ်။

အီဗန် ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နည်းပြ ဆာ အဲလက် ဖာဂူဆန်နဲ့ နာမည်ဆင်ပေမယ့် ဆွေမျိုးတော်စပ်ခြင်းတော့ မရှိပါဘူး ။ဒါပေမယ့် ဖာဂူဆန်ဟာ မကြာသေးမီကပဲ မန်ယူနိုက်တက် ပရိသတ်ဖြစ်ကြောင်း ဝန်ခံပြောကြားထားပါတယ်။

သူက ဘရိုက်တန်အသင်း မီဒီယာနဲ့ အင်တာဗျူုးစဥ် ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ဦးအနေနဲ့ ကြီးပျင်းလာခဲ့တာပါ ။ ဒါကြောင့် ကျွန်တော် ဒန်နီ ဝဲလ်ဘတ်ကို အပတ်တိုင်း ကြည့်ခဲ့လေ့ရှိပါတယ်။ လက်ရှိမှာတော့ သူက ကျွန်တော့်အသင်းဖော် ဖြစ်နေပါပြီ။ သူနဲ့ နေ့တိုင်း လေ့ကျင့် ၊ ကစားနေရတာက ထူးခြားတဲ့ ခံစားချက်ပါ။”လို့ ဆိုခဲ့ပါတယ်။

Zawgyi