Manu sports

ယူနိုက်တက်ကြယ်ပွင့်ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့ ထောက်ပြခဲ့တဲ့ ကစား သမားဟောင်း ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း တစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန် က လက်ရှိ အသင််းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ အနေနဲ့ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နိုင်ဖို့အတွက််နေရာ သုံးခုမှာ တိုးတက်ဖို့ လိုသေးကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒဏ်ရာကို ခွဲစိတ် ကုသခဲ့တဲ့နောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီလုံး အသင်းအတွက်် 5 ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့ အထိ ခြေစွမ်းတွေ ကျဆင်းသွားခဲ့သူပဲ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီနှစ် ဘောလုံး ရာသီမှာတော့ သူဟာ အကောင်းဆုံး ပုံစံတွေ ပြန်လည် ပြသထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ သူဟာ ဒီနှစ်ရဲ့ ပထမ ရာသီဝက် တုန်းက အခုလို ပုံစံမျိုး မပြသနိုင်ခဲ့ပဲ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ အင်္ဂလန် လက််ရွေးစင်အသင်းအတွက် ပုံစံကောင်းပြ ဂိုးတွေ သွင်းယူခဲ့ပြီးမှ ပိုကောင်းလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ အသင််းဟောင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အနေနဲဲ့ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်နိုင်ဖို့အတွက် ပွဲစဥ်တွေမှာ ပိုပြီး လွှမ်းမိုးနိုင်ဖို့ ၊ ဘောလုံး ထိန်းသိမ်းနိုင်စွမ်း ရှိဖို့ ၊လှုပ်ရှားမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် မှန်ကန်ဖို့ ကြိုးစားရလိမ့်မယ်လို့ အသိပေးခဲ့လိုက်ပါတယ် ။

ရပ်ရှ်ဖို့ အနေနဲ့ ပွဲကစားချိန် မိနစ် 90 လုံး ပွဲစဥ် အပေါ် ပိုပြီး လွှမ်းမိုးကစားပေးနိုင်ဖို့ ၊ ပွဲစဥ်အတွင်း အသင်းဖော်တွေ ပိုပြီး ပါဝင် ကစားပေးခွင့် ရရှိနိုင်ဖို့ ကြိုးစားရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်မိပါတယ် ။ သူဟာ ဘောလုံးပေးပို့မှုတွေ ကောင်းပါတယ် ။ ဒါကို ပြီးခဲ့တဲ့ ရာသီတုန်းကပဲ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ ”

သူဟာ ပုံစံကောင်း မပြသနိုင်ချိန်တွေမှာတော့ အဖိုးတန််တဲ့ ဘောလုံးပေးပို့မှုတွေ လုပ်နိုင်တာ ကျွန်တော်တို့ သိခဲ့ကြပါတယ်သူ့ရဲ့ အသင်းဖော်တွေကို ပြေးလွှားလှုပ်ရှားနိုင်အောင် လုပ်ဆောင်ပေးနိုင်သူပါပဲ ။ သူဟာ သူ့ရဲ့အသင််းဖော် နှစ်ဦး ၊ သုံးဦးလောက်နဲ့ အဲ့ဒီလို ချိတ်ဆက် ကစားနိုင်ပြီဆိုရင် ပိုကောင်းလာပါဦးမယ် ”

သူဟာ ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ် ။ သူ့ဆီမှာ အဲ့ဒီလို အရည်အသွေးတွေ ရှိနေပြီး ဒီရာသီရဲ့ ပွဲစဥ်အချို့မှာလည်း လုပ်ပြထားနိုင်ခဲ့သေးတယ်လေ ။ သူဟာ အဲ့တာတွေကို ပွဲစဥ်တိုင်း ပိုပြီးတော့ လုပ်ပြနိုင်စွမ်း ရှိနေသေးတဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ”

သူသာ အဲ့ဒီလို လုပ်ပြသွားနိုင်မယ်ဆိုရင် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်သွားပါလိမ့်မယ် ။ လက်ရှိ ခြေစွမ််းအရ ပြောရရမယ်ဆိုရင်တော့ သူဟာ အဲ့ဒီအဆင့်ဆီကို ရောက်နိုင်ဖို့ သိပ်ပြီး အလှမ်းမဝေးတော့ဘူးလို့ ပြောလို့ရနေပါပြီ ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

Zawgyi