Manu sports

အသင်း ရဲ့ ကွင်းလယ်ပိုင်း ကိုရေရှည်တည်ဆောက် ဖို့အတွက် အီကွေဒေါ လူငယ်ကြယ်ပွင့်လေးကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အီကွေဒေါ လူငယ်ကြယ်ပွင့်တစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အသက်(၁၅)နှစ်အရွယ်သာ ရှိသေးတဲ့ အီကွေဒေါသားလေးကတော့ ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားနေသူ တစ်ယောက်ပါ။

လက်ရှိမှာတော့ အီကွေဒေါအခြေစိုက် အင်ဒီပန်ဒ်လို့ ခေါ်တဲ့ ကလပ်အသင်းရဲ့ ယူ-၂၀အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်မှ မွေးဖွားခဲ့တဲ့ ကွင်းလယ်လူ ၊လူငယ်လေးဟာ အနာဂတ်အလားအလာ အရမ်းကောင်းသူအဖြစ် သတ်မှတ်ထားကြတာပါ။

၎င်းကဲ့သို့ အလားအလာကောင်းတွေ အများကြီးရှိနေတဲ့ ပီရက်ဇ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ကစားသမားရဲ့ ခြေစွမ်တောက်ပမှုကြောင့် သူ့ကို ခေါ်ယူလိုတဲ့ ဥရောပ အသင်းကြီးတွေလည်း ရှိနေပါသေးတယ်။

ပရီးမီးယားလိဂ် ပြိုင်ဖက် ချဲလ်ဆီးအသင်းကလည်း ၎င်းကစားသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်နဲ့အပြိုင် ကြိုးစားနေတာပါ။

ဒါ့အပြင် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်လေဗာကူဆင် အသင်းကလည်းကစားသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။

ကမ္ဘာကျော် ဂျာနယ်လစ်ကြီး ဖာဘရီဇီယိုကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းနဲ့ ကွင်းလယ်လူ ပီရက်ဇ်တို့ရဲ့ အပြောင်းအရွေ့ကို အတည်ပြုထားသေးတာပါ။

“ပီရက်ဇ်ကို ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး ချဲလ်ဆီးအသင်းကလည်း ယူနိုက်တက်နဲ့အပြိုင် ကြိုးစားနေပြီ”လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်တည်ဆောက်နေတဲ့ နည်းပြကြီး အဲရစ်တန်ဟန့်ကိုယ်တိုင်က လူငယ်ခြေတက် ကစားသမားတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။

သို့ဖြစ်၍အနာဂတ်ရဲ့ကြယ်ပွင့်တစ်ယောက်အဖြစ်သတ်မှတ် ထားတဲ့ (၁၅)နှစ်အရွယ် ကွင်းလယ်လူ ကန်ဒရီပီရက်ဇ်ကို ယူနိုက်တက်တို့ ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

Zawgyi