အငှားခေါ်ယူထားတဲ့ ကြယ်ပွင့်ကစားသမားကို အပြီးခေါ်ယူဖို့သဘောတူလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်အသင်း
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ကွင်းလယ်လူ မာဆယ် ဆဘစ်ဇာကို ခေါ်ယူဖို့အတွက် ကြိုးစားနေပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာ ယူနိုက်တက်က ဆဘစ်ဇာကို ခေါ်ယူခဲ့တာပါ။
ယူနိုက်တက်အသင်းက ဆဘစ်ဇာကို လက်ရှိ ဘောလုံးရာသီပြီးဆုံးချိန်အထိအငှားဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်း ဖော်ပြချက်တွေအရ ဆဘစ်ဇာနဲ့ ယူနိုက်တက်တို့ရဲ့ အငှားစာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ဘူးလို့ပဲ သိထားတာပါ။
ယူနိုက်တက်အသင်းဟာ အဲရစ်ဆင် ကာလရှည် ဒဏ်ရာကြောင့် ကွင်းလယ်လူတစ်ယောက်ကို အမြန်ခေါ်ယူဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆဘစ်ဇာအနေနဲ့လည်း ယူနိုက်တက်အသင်းကို ရောက်ရှိလာချိန်မှာ ချက်ချင်းဆိုသလို အသင်းနဲ့ အမြန် ပူးပေါင်းခဲ့ရတာပါ။
စတင်ပါဝင် ကစားခဲ့ရတဲ့ ပွဲမှာကတည်းက အသင်းနဲ့ အသားတကျ ပူးပေါင်းနိုင်ခဲ့ပြီး ခြေစွမ်ကောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်းနည်းပြကြီး အဲရစ်တန်ဟန့်အနေနဲ့ အသင်းအတွက် ရေရှည်အကျိုးရှိနိုင်တဲ့ ဆဘစ်ဇာကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်လိုက်တာပါ။
နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ၎င်းတို့ရဲ့ကွင်းလယ်လူကိုရောင်း ထုတ် ဖို့ အစီစဉ် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဘိုင်ယန်အနေနဲ့ဆဘစ်ဇာရဲ့ အပြီးသတ် ပြောင်းရွေ့ကြေးကို ယူရို သန်း(၂၀) သတ်မှတ်ထားတယ်လို့ ဆိုထားတာပါ။
ယူနိုက်တက်အသင်းဘက်ကတော့ ၎င်းပြောင်းရွေ့ကြေးဟာ ကစားသမားအတွက် ထိုက်တန်နဲ့ ပြောင်းရွေ့ကြေး ဖြစ်တယ်လို့လည်း ခံယူထားတာ ဖြစ်ပါတယ်။
သို့ဖြစ်၍လာမယ့် ဘောလုံးရာသီသစ်တွေမှာလည်း ဆဘစ်ဇာကို ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ ဆက်လက် မြင်တွေ့ကြရဖို့ ရှိနေတာပါ။
Zawgyi