Manu sports

ယူနိုက်တက်အသင်း လမ်းကြောင်းမှန်ပေါ်မှာရောက်နေပြီလို့ သုံးသပ်သွားခဲ့တဲ့ ဘာစီနည်းပြ ဇာဗီ

နူးကမ့်က ဖျော်ဖြေမှုဆန်ခဲ့တဲ့ သရေပွဲအပြီးမှာ ဘာစီလိုနာနည်းပြဇာဗီက မန်ယူဟာ ထိပ်ဆုံးကိုပြန်ရောက်လာပြီလု့ိ ချီးကျူးလိုက်ပါတယ်။

အဲဒီအချိန်မှာ ယူနိုက်တက်ဂန္ထဝင်ဟောင်းပေါလ်စခိုးကလည်းသူ့အသင်းဟောင်းဟာ ဒီရာသီမှာ ဖလား ၄ လုံးစလုံးရနိုင်ကြောင်း ဆိုလိုက်တာပါ။

မန်ယူဟာ မကြာသေးခင်ရာသီတွေမှာ ရုန်းကန်ခဲ့ရပေမယ့်တန်ဟက်လက်ထက် အခုရာသီမှာ ကစားပုံရော ရလဒ်ပိုင်းပါသိသိသာသာတိုးတက်လာပါတယ်။

ပြီးခဲ့ဲတဲ့ကြာသပတေးညနူးကမ့်က ပွဲမှာဆို ၂-၁ နဲ့တောင် ဦးဆောင်နိုင်ခဲ့ပြီးမှ ၂-၂ သရေကျခဲ့တာပါ။ပွဲပြီးတော့ ဘာစီလိုနည်းပြဇာဗီက”ဒီနေ့မှာ ကျွန်တော်တို့ဟာဥရောပက ထိပ်တန်းအသင်းတစ်သင်းနဲ့ကစားခဲ့ရတာပါ။

မန်ယူပြန်လာပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့မှာပဲ သူတို့ရဲ့အကောင်းဆုံး version ကို ပြခဲ့တာပါ”လို့ BT Sport ရုပ်သံကို ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာက မန်ယူဟာထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ၅ မှတ်သာကွာတာပါ။

ဒါ့အပြင် ယူနိုက်တက်ဟာ ကာရာဘောင်းမှာ ဗိုလ်လုပွဲရောက်နေသလိုအက်ဖ်အေဖလားမှာလည်း ယှဉ်ပြိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပေါလ်စခိုးက မန်ယူဟာ ဒီရာသီမှာ ဖလား ၄ ခုစလုံးရနိုင်ကြောင်း ပြောခဲ့တာပါ။ ”ဖလား ၄ လုံးအောင်မြင်မှုက ဖြစ်နိုင်သေးတာပါ။

ဘာမှ မကြည့်နဲ့ ပွဲတိုင်းက big game ပါ”လို့ ပေါလ်စခိုးကBT Sport ရုပ်သံမှာ ပြောခဲ့ပါတယ်။ အဲဒီက ရုပ်သံတင်ဆက်သူက

”ခင်ဗျားနောက်နေတာလား”လို့မေးတော့ ပေါလ်စခိုးက”နိုး..ကျွန်တော် မနောက်ပါဘူး”လို့ အခိုင်အမာပြောခဲ့တာပါ။

Zawgyi