Manu sports

ခြေစွမ်းပြနေတဲ့ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကျားချောင်းချောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်မှာခြေစွမ်းပြနေတဲ့ ပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ဒါလော့တ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်အသင်းဟာ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒါလော့တ်ကို ပြီးခဲ့တဲ့လပိုင်းကမှ (၁၂)လစာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုခဲ့ပေမယ့် ရီးယဲလ်အသင်းက လာမယ့်

နွေရာသီအပြောင်းအရွှေ့ကျရင် ဒါလော့တ်ကို ကြိုးပမ်းသွားဖို့ပစ်မှတ်ထားနေတယ်လို့ စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းရဲ့ ညာနောက်ခံလူတွေဖြစ်တဲ့ ကာဗာဟာလ်နဲ့ဗက်ဇ်ကွက်ဇ်တို့ဟာအသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တာကြောင့်ညာခြမ်းခံစစ်အတွက် ကစားသမားသစ်ခေါ်ယူ အားဖြည့်ဖို့ ဆန္ဒရှိနေပါတယ်။

လူငယ်အသင်းနောက်ခံလူ တိုဘိုင်ယက်စ်ကို စီနီယာအသင်းမှာနေရာပေးအသုံးပြုနိုင်ခြေရှိပေမယ့် အရည်အ သွေးမြင့်ကစားသမားတစ်ဦးကို ခေါ်ယူချင်တာဖြစ်ပြီး သူတို့ရဲ့ ပစ်မှတ်ထဲမှာ ဒါလော့တ်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါလော့တ်ဟာ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိနေပြီး ဒီရာသီပြိုင်ပွဲစုံမှာ(၂၅)ပွဲကစား၊ (၁)ဂိုးသွင်းယူခဲ့ပါတယ်။

Zawgyi