မဖြစ်နိုင်တဲ့စျေးတောင်းဖို့ကြံနေတဲ့ ဂလေဇာမိသားစုကြောင့် ယူနိုက်တက်အသင်းရောင်းချဖို့အခက်တွေ့နေ
အသင်းကို ဝယ်ဖို့အတွက် ကမ်းလှမ်းရမယ့် နောက်ဆုံးရက်ကို ရောက်လာတဲ့အချိန်မှာကာတာရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုက ဝယ်တော့မယ်ဆိုတဲ့ သတင်းကလည်းကပ်ပါလာတာကြောင့်မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ ပေါင် ၃၃၄ သန်းအထိထိုးတက်သွားခဲ့တယ်လို့ သိရပါတယ်။
ကာတာ စီးပွား ရေးလုပ်ငန်းစုဟာမန်ယူကို ပေါင် ၅ ဘီလီယံနဲ့ ဝယ်ဖို့ ကမ်းလှမ်းမှာဖြစ်ပြီး ဒီသတင်းဟာတိကျခိုင်မာတဲ့ တသင်းရပ်ကွက်မျိုးကနေ ထွက်လာတာကြောင့် ယူနိုက်တက်ရဲ့ရှယ်ယာဝေစု တစ်ခု တန်ဖိုးဟာ တစ်ရက်အတွင်းမှာ ၁၉.၈၇ ပေါင်ကနေပြီး၂၀.၃၅ ပေါင်အထိ တက်သွားခဲ့တာပါ။
အဲဒီလို ဈေး နှုန်းမြင့်တက်လာတာဟာနယူးကာဆယ်ကို မိုက်ခ်အက်ရှ်လေဆီကနေပြီးPIF ကအလုံးစုံ လွဲှပြောင်းဝယ်ယူတုန်းကထက် ပိုများခဲ့တယ်လို့ သိရပါ တယ်။ ကာတာစီးပွားရေးလုပ်ငန်းရှင်တွေဟာအိုးလ်ထရက်ဖို့ဒ်ကကိုဝယ်ယူ ဖို့ အတွက် ဒီကနေ့မှာ အပြီးသတ် ကမ်းလှမ်းမှု
လုပ်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ငွေကြေးကဏ္ဍတွေကို ဦးစားပေး ဖော်ပြတဲ့Bloomberg သတင်းဝက်ဘ် ဆိုက်က ဖော်ပြပါတယ်။
ဒါပေမဲ့ ကာတာလုပ်ငန်းစုဟာဒေသတွင်း စီးပွား ရေးလုပ်ငန်းစုတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရှကလုပ်ငန်းရှင်တွေနဲ့ လည်း ပြိုင်ဆိုင်ရဖို့ရှိနေပြီး ဗြိတိန်အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင် ဆာ ဂျင်ရက်ကလစ်ဖ်နဲ့ အဓိက အားပြိုင်ရဖို့ရှိနေပါတယ်။
ကာတာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုဟာမန်ယူရဲ့အဓိကပြိုင် ဘက် အသင်းတစ်သင်းဖြစ်တဲ့လီဗာပူးကို လည်း ဝယ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အသင်းဖြစ်ပြီး အဆင်မပြေတဲ့နောက်မန်ချက်စတာ ကလပ်ဘက်ကို မြားဦးလှည့်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးနဲ့ မန်ယူနှစ်သင်းစလုံးဟာဆိုရင် အရောင်းစာရင်း တင်ထားတဲ့ အသင်းတွေ ဖြစ်ကြပြီးအဓိက ရည်ရွယ်ချက်ကတော့ ပရီးမီးယားလိဂ်မှာ ငွေသုံးကြမ်းနေတဲ့မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ အပြောင်းအရွှေ့ဈေးကွက်တွေကို ပခုံးချင်းယှဉ်ဖို့ကြိုးစားတဲ့သဘောပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့အမေရိကန်သားတွေကတော့ အဓိက ရှယ်ယာ အများစုကို လက်လွှတ်ချင်တဲ့သဘောမျိုး မရှိမနေပါဘူး။ တစ်ဖက်မှာ မန်ယူအသင်းပိုင် ရှင် ဂလေဇာမိသားစုကလည်းရှယ်ယာအများစုကို ဆက်ထိန်းထားလိုတဲ့ သဘောမျိုးရှိနေပြီး ကြိုက်ဈေးရတယ်ဆိုမှပဲအသင်းကို တစ်ခါတည်း အပြတ် ရောင်းမယ့်သဘောမျိုး ရှိနေတာပါ။
Zawgyi