Manu sports

ယူနိုက်တက်အသင်း ရဲ့စိတ်ဝင်စားဖွယ်မနက်ပိုင်း သတင်းများ

ယူနိုက်တက်အသင်း ရဲ့စိတ်ဝင်စားဖွယ်မနက်ပိုင်း သတင်းများ

ကာတာ၏စော်ဘွား Sheikh Jassim Bin Hamad Al Thaniသည် Manchester United အား ၀ယျယူရန်တရား၀င်ဈေးအဆိုတင်သွင်းလိုက်ပြီဖြစ်သည်။ဈေးအဆို တင်သွင်းမှုသည် Manchester United အား 100% ပိုင်ဆိုင်မှုရရှိရန်ဖြစ်သည်။

Sheikh Jassim Bin Hamad AlThani၏ တရား၀င် ထုတ်ပြန်ချက်ဈေးအဆိုတင်သွင်းမှု၏ရည်ရွယ်မှာအသင်. ၏ရွှေရောင်လွှမ်းသောနေ့ရက်များစီ ပြန်လည်ရောက်ရှိစေရန်ဖြစ်ပြီး ယူနိုက်တက်ပရိတ်သတ်များ၏ နှလုံးသား၌ နေရာတစ်နေရာစာ ရရှိစေရန်လည်းဖြစ်သည်။

ဈေးအဆိုတင်သွင်းမှုသည် ၁၀၀% ကြွေးမှီကင်းစင်မည်ဖြစ်ပြီး အသင်း၏လူစရင်း၊ထရိန်နင်စင်တာ နှင့်ကွင်းများထဲတွင်ရင်းနှီးမြုပ်နှံရန်ဖြစ်သည်။Manchester United အား၀ယ်ယူရန် INEOS ၏တရားဝင်ဈေးအဆိုတင်သွင်းမှုကိုယနေ့တွင်ပြုလုပ်မည်ဖြစ်သည်။ဈေးပမာဏမှာ (၄)ဘီလီယျံ၀န်းကျင်ဖြစ်မည်။

ကာတာ၏ဈေးအဆိုတင်သွင်းမှုလည်းရောက်ရှိဦးမည်။ကာတာ၏ဥသျှောင်ဖြစ်သူ၏ ဦးလေး Hamad bin Jassim bin Jaber Al Thani သည်လည်း ပရောဂျက်တွင်ပါ၀င်မည်ဖြစ်ကြောင်း သိရှိရသည်။

Sheikh Jassim Bin Hamad Al Thani သည် ၁၉၉၂ခုနှစ်သူ၏ အသက် (၁၀)နှစ်ကတည်းကပင် ယူနိုက်တက်၏ပရိတ်သတ်တစ်ဦးဖြစ်လာခဲ့သည်။

ယူနိုက်တက်ကို၀ယ်ယူရာတွင်ဦးဆောင့်မည့်92 Founda. tion သည်လည်း ယူနိုက်တက်၏ ဂန္တ၀င် “Class of 92″ကို အစွဲပြု၍ အမည်ပေးထားကြောင်း သိရှိရသည်။

Zawgyi





