ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဂိုးသွင်းနေတဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ကို ခြေရူးဆိုပြီးအပြင်းထန်ဝေဖန်ခဲ့တဲ့ ဆိုင်မွန်ဂျော်ဒန်
နာမည်ကျော်အားကစားရေဒီယိုဌာနတစ်ခုဖြစ်တဲ့ talkS PORT ရဲ့ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဆိုင်မွန်ဂျော်ဒန်က ရပ်ရှ်ဖို့ဒ်ဟာခြေစွမ်းပြဂိုးတွေသွင်းယူနေပေမယ့် သူက,ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ဦးမဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာနဲ့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီးပြိုင်ပွဲစုံနောက်ဆုံး(၁၆)ပွဲမှာ (၁၄)ဂိုးအထိ သွင်းခဲ့ပါတယ်။
ဒါ့အပြင်ဒီရာသီပြိုင်ပွဲစုံမှာရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးက (၂၂)ဂိုးအထိရှိလာပြီဖြစ်တာကြောင့် ယူနိုက်တက်ကစားသမားဘ၀အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီတုန်းက(၂၂)ဂိုးအရေအတွက်နဲ့ တူညီသွားပြီဖြစ်ပြီး တစ်ဦးချင်းသွင်းဂိုးစံချိန်တင်နိုင်ဖို့ (၁)ဂိုးသာ လိုပါတော့တယ်။
ရပ်ရှ်ဖို့ဒ်အနေနဲ့ဒီလိုခြေစွမ်းကောင်းတွေပြသနေပေမယ့် ဆိုင်မွန်ဂျော်ဒန်က“ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက ‘ကောက်ရိုးမီးလိုခဏထတောက်နေတာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာထိပ်တန်းအဆင့်ကိုရောက်လာပြီ၊ကမ္ဘာ့အဆင့် ဘောလုံးသမားတစ်ဦးဖြစ်နေပြီဆိုတဲ့ သုံးသပ်ချက်တွေကိုကျွန်တော် အမြဲတမ်းကန့်ကွက်ခဲ့ပါတယ်။
အခုလောလောဆယ်ရပ်ရှ်ဖို့ဒ်က မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ပြသနေပေမယ့်သူ့ကို ကမ္ဘာ့အဆင့်ဘောလုံးသမားလို့ သတ်မှတ်ရင်တော့ရူးကြောင်ကြောင်နိုင်လွန်းပါတယ်”ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
Zawgyi
ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြဂိုးသွင်းနေတဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ကို ခြေရူးဆိုပြီးအပြင်းထန်ဝေဖန်ခဲ့တဲ့ ဆိုင်မွန်ဂျော်ဒန်
နာမည်ကျော်အားကစားရေဒီယိုဌာနတစ်ခုဖြစ်တဲ့ talkS PORT ရဲ့ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဆိုင်မွန်ဂျော်ဒန်က ရပ်ရှ်ဖို့ဒ်ဟာခြေစွမ်းပြဂိုးတွေသွင်းယူနေပေမယ့် သူက,ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ဦးမဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာနဲ့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီးပြိုင်ပွဲစုံနောက်ဆုံး(၁၆)ပွဲမှာ (၁၄)ဂိုးအထိ သွင်းခဲ့ပါတယ်။
ဒါ့အပြင်ဒီရာသီပြိုင်ပွဲစုံမှာရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးက (၂၂)ဂိုးအထိရှိလာပြီဖြစ်တာကြောင့် ယူနိုက်တက်ကစားသမားဘ၀အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီတုန်းက(၂၂)ဂိုးအရေအတွက်နဲ့ တူညီသွားပြီဖြစ်ပြီး တစ်ဦးချင်းသွင်းဂိုးစံချိန်တင်နိုင်ဖို့ (၁)ဂိုးသာ လိုပါတော့တယ်။
ရပ်ရှ်ဖို့ဒ်အနေနဲ့ဒီလိုခြေစွမ်းကောင်းတွေပြသနေပေမယ့် ဆိုင်မွန်ဂျော်ဒန်က“ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက ‘ကောက်ရိုးမီးလိုခဏထတောက်နေတာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာထိပ်တန်းအဆင့်ကိုရောက်လာပြီ၊ကမ္ဘာ့အဆင့် ဘောလုံးသမားတစ်ဦးဖြစ်နေပြီဆိုတဲ့ သုံးသပ်ချက်တွေကိုကျွန်တော် အမြဲတမ်းကန့်ကွက်ခဲ့ပါတယ်။
အခုလောလောဆယ်ရပ်ရှ်ဖို့ဒ်က မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ပြသနေပေမယ့်သူ့ကို ကမ္ဘာ့အဆင့်ဘောလုံးသမားလို့ သတ်မှတ်ရင်တော့
ရူးကြောင်ကြောင်နိုင်လွန်းပါတယ်”ဆိုပြီး ဝေဖန်ခဲ့ပါတယ်။