လက်စတာအသင်း ကို အိမ်ကွင်းမှာ ခေါ်ပြီးဆုံးမအုံးမယ့် သခင်ကြီး ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ယခုတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဥ်(၂၄)အဖြစ် အိမ်ကွင်း အို့ထရက်ဖို့ဒ်မှာ ကစားရမှာပါ။
ဥရောပ ယူရိုပါလိဂ် ရှုံးထွက်ပကျော့အဖြစ် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ယခုတစ်ပတ်ဟာ ယူနိုက်တက်အတွက် အလုပ်ရှုပ်နေခဲ့ပါတယ်။
ယခုတစ်ပတ် တနဂ်နွေနေ့မှာတော့ ယူနိုက်တက်အနေနဲ့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်ကို ကစားရမှာပါ။
ဒီပွဲဟာ ယူနိုက်တက်အတွက် အမှတ်ပေးဖလား ချန်ပီယံ အိပ်မက်အတွက် အသက်ဆက်ဖို့ အနိုင်(၃)မှတ် မဖြစ်မနေ ယူရမယ့် ပွဲဖြစ်ပါတယ်။
နည်းပြကြီး အဲရစ်တန်ဟန့်ကတော့ လက်စတာကို အနိုင်ယူဖို့အတွက် အကောင်းဆုံး ပွဲထွက် အခင်းအကျင်းနဲ့ ပွဲထုတ်လာမှာပါ။
အသင်းမှာ ကစ္စမဲရိုး၊ အန်တိုနီတို့ မပါဝင်နိုင်တာကလွဲရင် ဆဘစ်ဇာ၊ မာတီနက်ဇ်တို့ ပြန်ပါလာဖို့ ရှိနေတာ ဖြစ်ပါတယ်။
မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ ပုံစံကောင်းတွေ တောက်လျှောက် ရရှိနေသလို၊ ခံစစ်မှာ မာတီနက်ဇ်၊ ဗာရန်းတို့အတွဲက အကောင်းဆုံး အတွဲအဖက် ညီနေတာပါ။
ဘရူနို ဖာနန်ဒက် ဦးဆောင်လာမယ့် ယူနိုက်တက်အသင်းရဲ့ ယုံကြည်မှုပြည့်နေတဲ့ စုဖွဲ့မှုဟာ လက်စတာနဲ့ ပွဲမှာလည်း ရလဒ်ကောင်းတစ်ခုကို ယူဆောင်လာဖို့ ရှိနေပါတယ်။
တစ်ဖက်က လက်စတာအသင်းကလည်း လက်ရှိမှာ ပုံစံကောင်းတွေ ရလဒ်ကောင်းတွေ ပြန်လည် ရရှိနေတဲ့ အနေအထားမှာ ရှိနေတာပါ။
လက်စတာအသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်ရှုံးပွဲ မရှိသေးတဲ့ ရလဒ်ကောင်းကို စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။
တန်းဆင်းဇုန်ကနေ အဝေးဆုံးကို တက်လှမ်းနိုင်ဖို့ ကြိုးစားလာမယ့် လက်စတာနဲ့ ချန်ပီယံအိပ်မက်အတွက် တိုက်ပွဲဝင်မယ့် ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။
အိမ်ကွင်း ရလဒ်တွေ တောက်လျှောက် ကောင်းနေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ လက်စတာကို အိမ်ကွင်းမှာ ခေါ်ကစားရမယ့် ပွဲဖြစ်တာကြောင့် ယူနိုက်တက်အတွက်တော့ အားသာချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
Zawgyi