Manu sports

တပည့်ဟောင်းကို သံယောဇဥ်မပြတ်နိုင်သေးတဲ့ နည်းပြ တန်ဟက်ဂ်

မန်ယူနိုက်တဒ်အသင်းနဲ့ဘာစီလိုနာ တို့ရဲ့ နူးကမ့် တိုက်ပွဲဟာ တစ်ဖက်နှစ်ဂိုးစီ သရေရလာဒ် နဲ့ ပြီးဆုံးခဲ့ပေမယ့် တန်ဟဂ်အတွက်တော့ အမြတ်ထွက်ခဲ့တဲ့ အကျိုးကျေးဇူးတွေ များပြားခဲ့ပါတယ်။

အသင်းလူမစုံချိန်မှာတောင် စပိန်မြေမှာ သရေကစားနိုင်ခဲ့သလို ဒုကျော့ ဘာစီလိုနာ ရဲ့ အဓိကကွင်းလယ်အတွဲဖြစ်တဲ့ ပက်ဒရီ-ဂါဗီ မပါဝင်ချိန် လူစုံတက်စုံ ပြန်လည်ပါဝင်လာမှာဖြစ်လို့အိမ်ကွင်းအားသာချက်နဲ့အတူ ရလာဒ်ကောင်းမျှော်လင့်နိုင်သလို ဒုတိယအချက်အနေနဲ့ ပြီးခဲ့တဲ့နွေမှာ တန်ဟဂ် က ဖရန်ကီဒီဂျောင် ကို ဘာကြောင့် မရမကခေါ်ယူချင်နေရလည်းဆိုတဲ့ အဖြေကိုပါ ပရိတ်သတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂျောင် က ဘက်စကွက် မပါဝင်နိုင်တာကြောင့် သူအကြိုက်ဆုံး နေရာဖြစ်တဲ့ နံပတ်(၆) နေရာမှာ deep lying role အထိဆင်းကစားခဲ့ပြီး ဘာစီလိုနာ ကွင်းလယ်ရဲ့ အသက်သွေးကြောလို့ ဆိုရလောက်အောင် တစ်သင်းလုံးကို မောင်းနှင်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီဂျောင်ရဲ့ဘောလုံးကိုင်နိုင်စွမ်း၊ပေးပို့နိုင်စွမ်း နဲ့ ချိတ်ဆက်ထိုးဖောက်မှုအပြင် တစ်ကိုယ်တော်ထိုးဖောက်နိုင်တဲ့ စွမ်းရည်တွေက မန်ယူနိုက်တဒ် ကွင်းလယ်ကို အတော်လေး အလုပ်ရှုပ် စေခဲ့သလို ဖိအားဒဏ်ခံနိုင်တဲ့အချက်က ပရီးမီးယားလိဂ် ရဲ့ မြန်နှုန်းမြင့် ကစားပုံနဲ့ အံဝင်ဂွင်ကျ ဖြစ်နေကြောင်း အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တဒ်ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေသူအဖြစ် အဲရခ်ဆင် က တာဝန်ယူထားပေမယ့် နှလုံးစက်တပ်ထားတဲ့ အသက်(၃၁)နှစ်အရွယ် ကွင်းလယ်လူတစ်ယောက်ထက်အသက်(၂၅)နှစ်သာရှိသေးပြီးပိုမိုကောင်းမွန်တဲ့ လုပ်အားနှုန်း နဲ့ ကစားပုံရှိတဲ့ ဒီဂျောင် ကို အစားထိုးနိုင်ခဲ့ရင် တန်ဟဂ် ရဲ့ ကွင်းလယ်က နောက်တစ်ဆင့်ကို ရောက်ရှိသွားပါလိမ့်မယ်။

အထူးသဖြင့်ကတ်စမဲရိုးလို အဖျတ်သီးသန့်တာဝန်ယူထားတဲ့ကွင်းလယ်လူနဲ့ဘရူနိုလို စွယ်စုံရကွင်းလယ်ကစားသမားကြားထဲမှာ ဒီဂျောင် လို ဘောလုံးနဲ့အတူ တပါတည်းဆွဲတက်နိုင်ပြီး ဖြန့်ဝေမှု နဲ့ ချိတ်ဆက်ကစားနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်လူတစ်ဦးကို ပေါင်းထည့်နိုင်ခဲ့ရင် တစ်ချိန်က ဥရောပကိုလွှမ်းမိုးခဲ့တဲ့ ကတ်စမဲရိုး-မိုဒရစ်-ကရူးစ်ကွင်းလယ်ကို ယှဉ်နိုင်မယ့် ဒိတ်ဒိတ်ကြဲ ကွင်းလယ်အတွဲဖြစ်လာမလားဆိုတာတော့…

Zawgyi
တပည့်ဟောင်းကို သံယောဇဥ်မပြတ်နိုင်သေးတဲ့ နည်းပြ တန်ဟက်ဂ်

မန်ယူနိုက်တဒ်အသင်းနဲ့ဘာစီလိုနာ တို့ရဲ့ နူးကမ့် တိုက်ပွဲဟာ တစ်ဖက်နှစ်ဂိုးစီ သရေရလာဒ် နဲ့ ပြီးဆုံးခဲ့ပေမယ့် တန်ဟဂ်အတွက်တော့ အမြတ်ထွက်ခဲ့တဲ့ အကျိုးကျေးဇူးတွေ များပြားခဲ့ပါတယ်။

အသင်းလူမစုံချိန်မှာတောင် စပိန်မြေမှာ သရေကစားနိုင်ခဲ့သလို ဒုကျော့ ဘာစီလိုနာ ရဲ့ အဓိကကွင်းလယ်အတွဲဖြစ်တဲ့ ပက်ဒရီ-ဂါဗီ မပါဝင်ချိန် လူစုံတက်စုံ ပြန်လည်ပါဝင်လာမှာဖြစ်လို့ အိမ်ကွင်းအားသာချက်နဲ့အတူ ရလာဒ်ကောင်းမျှော်လင့်နိုင်သလို ဒုတိယအချက်အနေနဲ့ ပြီးခဲ့တဲ့နွေမှာ တန်ဟဂ် က ဖရန်ကီဒီဂျောင် ကို ဘာကြောင့် မရမကခေါ်ယူချင်နေရလည်းဆိုတဲ့ အဖြေကိုပါ ပရိတ်သတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။