Manu sports

ယူနိုက်တက်အသင်း နဲ့ ဂရင်းဝုဒ် ပြန်လည်ပူးပေါင်းနိုင်မယ့်အချိန်ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား မေဆန် ဂရင်းဝုဒ်ဟာ မကြာသေးမီကပဲ သူ့အပေါ် စွပ်စွဲထားတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု အသက်အန္တရာယ် ခြိမ်းခြောက်မှု စတဲ့ အမှုတွေ အားလုံးကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာလက်ရှိအချိန်ထိ မန်ယူနိုက်တက်ရဲ့ တရားဝင် ကစားသမားအဖြစ် ရှိနေသေးပြီး ဆက်လက် ကစားခွင့်ပြုမပြုကိုအသင်းက ဆက်လက်စုံစမ်း စစ်ဆေးမှု ပြုလုပ်အုံးမယ်လို့ တရားဝင် ကြေညာထားပါတယ်။

ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲမှာ ဂရင်းဝုဒ်ကို ပြန်လည် ကစားသမားခွင့် ပြု ၊ မပြုနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး မန်ယူနိုက်တက် အမျိုးသမီးအသင်းကတော့ ပြန်လည်ကစားခွင့်မပြုဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း နည်းပြ အဲရစ် တင်ဟာ့ခ်ကိုယ်တိုင် ဂရင်းဝုဒ်နဲ့ ဖုန်းပြောခဲ့သေးကြောင်း သတင်းထွက်ပေါ်လာပါသေးတယ်။

ယနေ့ညမှာတော့ မန်ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် Ross Harwood က ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။

ဂရင်းဝုဒ်က ( ၂၃/၂၄ ) ရာသီ မတိုင်ခင် ရာသီကြိုအတွက် အသင်းလေ့ကျင့်ရေး အစီအစဥ်နဲ့ ပြန်လည်ပူးပေါင်းမယ်လို့ ကျွန်တော့်ကို ပြောဆိုထားပါတယ်။ အသင်းလူစာရင်းထဲ ပြန်လည်ပေါင်းထည့်ဖို့ သဘောထားလည်း ရှိပါတယ်။”

မေဆန်ရယ် ၊ အဲရစ်ရယ် ၊ မေဆန်ရဲ့ ရှေ့နေတို့ရယ် စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမှုတွေထဲမှာ မားတော့လည်း ပါဝင်ခဲ့ပါတယ်။”

Zawgyi