Manu sports

လိဂ်ဖလားတစ်လုံးရဖို့အတွက် ကောင်းမွန်တဲ့အခွင့်ရေးအချို့ ရရှိသွားပြီဖြစ်တဲ့ ယူနိုက်တက်အသင်း

မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ့် လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင်နယူးကာဆယ်အသင်းမှာ ဒဏ်ရာ၊ ပွဲပယ်ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးလ်ကို(၂-ဝ)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲ၊ပထမပိုင်း (၂၂)မိနစ်မှာ လီဗာပူးလ်ဂိုးသမားအယ်လစ်ဆင် ဂိုးဧရိယာထဲကနေ ခပ်မြန်မြန် လှမ်းတင်ပေးလိုက်တဲ့ဘောလုံးကို ဆာလာ ပြေးလိုက်ချိန်မှာ နစ်ခ်ပုတ်က

မလိုအပ်ဘဲ ဂိုးစည်းအပြင်အထိ ထွက်လာပြီး ခေါင်းတိုက်ရှင်းထုတ်ဖို့ကြိုးစားပေမယ့် ခေါင်းနဲ့မထိဘဲ လက်နဲ့တားသလိုဖြစ်ခဲ့တာကြောင့်

ဒိုင်လူကြီးအန်သိုနီတေလာက နစ်ခ်ပုတ်ကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ အဲဒါကြောင့် နစ်ခ်ပုတ်ဟာ (၃)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး လာမယ့်တစ်ပတ်တနင်္ဂနွေကျရင်

ပွဲကြီးပွဲကောင်းအဖြစ်ယူနိုက်တက်နဲ့ကစားမယ့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ကွင်းလယ်လူအဖြစ်ခြေစွမ်းပြနေတဲ့ ဂျိုလင်တန်ဟာလည်း

လီဗာပူးလ်နဲ့ပွဲမှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် ယူနိုက်တက်နဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ ဂျိုလင်တန်ဟာ ဒုတိယပိုင်း(၇၁)မိနစ်မှာတံကောက် ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မက်ရစ်ချီနဲ့

လူစားလဲခံခဲ့ရသလို သူ့ဒဏ်ရာအနေအထားနဲ့ပတ်သက်လို့နယူးကာဆယ်ဘက်က မကြာခင်ထုတ်ပြန်သွားဖို့ရှိနေပါတယ်။

Zawgyi