Manu sports

ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ့် ကို ခေါ်ယူချင်နေတဲ့ ဥရောပအသင်းတွေကို စျေးသက်မှတ်ပေးလိုက်တဲ့ ယူနိုက်တက်အသင်း

ယခုရာသီတွင်ခြေစွမ်းပြနေသော မန်ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူရန် ဥရောပထိပ်သီးကလပ်နှစ်သင်းက စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်နေသည်။

ထို့ကြောင့် မန်ချက်စတာအခြေစိုက်ကလပ်က အင်္ဂလန်ကစားသမားအတွက် ပေါင်သန်း ၁၂၀ ပေးလျှင် လက်ခံစဉ်းစားမည်ဟု အကြောင်းပြန်လိုက်ကြောင်း Mirror သတင်းစာက ဖော်ပြသည်။

၂၅ နှစ်အရွယ် ရက်ရှ်ဖို့ဒ်သည် ယူနိုက်တက်နှင့် စာချုပ်သက်တမ်း တနှစ်ခွဲသာကျန်တော့ပြီး ငယ်ရွယ်ခြင်း၊ ပါရမီရှိခြင်း၊ ဂိုးသွင်းကောင်းခြင်းကြောင့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေခြင်းဖြစ်သည်။

ယူနိုက်တက်သည်၂၀၂၂ကမ္ဘာ့ဖလားမတိုင်မီ၎င်း၏ပြောင်း ရွှေ့ကြေးအား ပေါင်သန်း ၈၀ သာ သတ်မှတ်ထားသော်လည်း ယခုအခါပေါင်သန်း ၁၂၀ အထိ စျေးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ဘာစီလိုနာနှင့်ပွဲတွင်တဂိုးသွင်းကာ ဂျူးလ်ကောင်ဒီ ကိုယ့်ဂိုးကိုယ်သွင်းမိစေရန် ဖြတ်တင်ပေးခဲ့သည့် ရက်ရှ်ဖို့ဒ်၏ ယခုရာသီသွင်းဂိုးက ၂၂ ဂိုးအထိရှိလာသည်။

ထိုပမာဏက ၎င်း၏ကစားသမားဘဝတလျှောက် ဂိုးသွင်းအများဆုံးရာသီဖြစ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီ သွင်းဂိုးပမာဏအား လိုက်မီခဲ့ခြင်းဖြစ်သည်။

အကယ်၍ ယူနိုက်တက်မှလိုချင်သည့် ပေါင်သန်း ၁၂၀ ကိုပေးမည့်အသင်းရှိပါက ရက်ရှ်ဖို့ဒ်သည် ဘောလုံးသမိုင်းတလျှောက် ဆဋ္ဌမစျေးအကြီးဆုံး အပြောင်းအရွှေ့အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

Zawgyi