အသင်းတွက်ပေးဆပ်ကစားပေးနေတာတောင် ကစားသ မားဟောင်းတွေရဲ့ ပစ်တင်ဝေဖန်ခြင်းခံလိုက်ရတဲ့ ယူနိုက်တက်ကြယ်ပွင့်
မန်ယူအသင်းတိုက်စစ်မှူး ဟာ အခွင့်အရေးတွေကိုအသုံးမချနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လို့သာ အငှားနဲ့ခေါ်ခွင့်ရခဲ့တာဖြစ်ပြီးအခွင့်အရေးကို ကောင်းကောင်းအသုံးချတတ်တဲ့တိုက်စစ်မှူးမျိုးဆိုရင် မန်ယူအနေနဲ့ ခေါ်ခွင့်ရမှာ မဟုတ်ဘူးလို့နောက်ခံလူဟောင်းဖြစ်တဲ့ ဂယ်ရီ နဗီးလ်က ဝေဖန်ထောက်ပြခဲ့ပါတယ်။
ဝက်ဟော့ဟာ လက်စတာကို ၃-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခွင့် ရခဲ့ပေမဲ့လည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့ တာကြောင့် ပရိသတ်တချို့ရဲ့အလိုမကျမှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီးအဲဒီပွဲမှာ ဆိုရင် နယ်သာလန်သားဟာပွဲချိန် ဒုတိယပိုင်းမှာ ဂိုးသွင်းဖို့အတွက် အခွင့် အရေးကောင်းတွေ ရခဲ့တာရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာ ဘန်လေကနေပြီး မန်ယူကို အငှားနဲ့ ရောက်လာတဲ့ဝက်ဟော့ဟာ ယူနိုက်တက်မှာ ရုန်းကန်နေရပြီး ၁၀ ပွဲမှာ တစ်ဂိုးပဲ သွင်းထားပါတယ်။ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ပွဲမှာ တိုက်စစ်အားသန်ကွင်းလယ်လူ နေရာကနေပြီးကစားခွင့်ရခဲ့ပေမဲ့လည်း ယူနိုက်တက်ရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကိုအချိတ်အဆက်မိအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့် လက်စတာနဲ့ပွဲမှာယူနိုက်တက်ကို ၄-၀ ဂိုးဖြစ်သွားစေနိုင်တဲ့ အခွင့်အရေးမျိုးကို လွဲခဲ့ရတဲ့ဝက်ဟော့အပေါ်ဘောလုံးရေးရာဝေဖန်သူနဗီးလ်က ပြင်းပြင်းထန် ထန်ထိုးနှက်ခဲ့ ပြီး ဂိုးပေါက်ရှေ့မှာသာ ဆရာကျတဲ့ ပုံစံမျိုးရှိနေလို့ကတော့မန်ယူက အနား ကပ်ခွင့်ရမှာတောင် မဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝက်ဟော့ကို ကြည့်ပါဦး။ ဖင်ထိုင်လျက် လဲကျနေပြီး သူ့ကို အနားပေးဖို့ပဲတွေးနေတဲ့ပုံ။ ဖြတ်တင်ဘောတွေကို ဝက်ဟော့တစ်ယောက် ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ခဲ့တာ အဲဒီပွဲမှာ နှစ်ခါလောက်ရှိခဲ့တယ်။ ဂိုးတောင် ဝင်လောက်တဲ့ အနေအထားမျိုး။
အရမ်းကောင်းတဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဟက် ဆယ်ဘိန့်၊ရော်ဘီကိန်းတို့လိုလူမျိုးတွေနဲ့ Sky Sport စတူဒီယိုထဲမှာ ပြောခဲ့ ကြတာပါ။ သူတို့ ဘယ်လိုတွေးလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီအခွင့် အရေးတွေကို ဘာကြောင့်များ ဝက်ဟော့ကဂိုးမသွင်းနိုင်တာလဲပေါ့။
ကျွန် တော့်အထင် ဒီအခွင့်အရေးတွေကိုသာဝက်ဟော့တစ်ယောက် အသုံးချမယ် ဆိုရင် တစ်ရာသီကို သွင်းဂိုး ၂၀ လောက်အနည်းလေးရမှာပါ။ ဒါဆိုရင် မန်ယူကလည်း သူ့ကို အငှားနဲ့ ခေါ်ဖို့နေနေသာသာအနားကပ်ခွင့်တောင် ရမှာ မဟုတ်လောက်ပါဘူး’’ လို့ လက်စတာနဲ့ပွဲအပြီး Sky Sport အစီအစဉ်မှာ ပြောခဲ့တာပါ။
Zawgyi