Manu sports

အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ရဲ့ စာချုပ်သစ်ကိစ္စကို အသိပေးလိုက်ပြီဖြစ်တဲ့ နည်းပြ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ရပ်ရှ်ဖို့ဒ်ကိုစာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့စိတ်ရှည်ရှည်ထားစောင့်ဆိုင်းကြဖို့ အသိပေးလိုက်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ယူနိုက်တက်အသင်းနဲ့ (၁၂)လ စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၄၊ နွေရာသီကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရပ်ရှ်ဖို့ဒ်ကို နှစ်ရှည်စာချုပ်,ချုပ်ဆိုဖို့ ကိစ္စနဲ့ပတ်သက်လို့ယူနိုက်တက်ဘက်က နောက်ထပ်သတင်းထုတ်ပြန်တာမျိုးမရှိသေးတာကြောင့် လာမယ့်နွေရာသီမှာ ရပ်ရှ်ဖို့ဒ်အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရရင် တာဝန်ရှိသူတွေ လက်ခံလိုက်မှာကို ပရိသတ်တွေစိုးရိမ်တကြီးဖြစ်နေကြပါတယ်။

အဲဒါကြောင့် Sky Sports နဲ့အင်တာဗျူးမှာ အဲရစ်တန်ဟက်ကရပ်ရှ်ဖို့ဒ်ကို စာချုပ်သက်တမ်းတိုးဖို့ကကျွန်တော်တို့အတွက် အဓိကဦးစားပေးကိစ္စဖြစ်ပါတယ်။

အခုလောလောဆယ် အဲဒီကိစ္စအတွက် လိုအပ်တာတွေ ကြိုးစားဆောင်ရွက်နေတာကြောင့်ပရိသတ်တွေအနေနဲ့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ကြပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အံ့အားသင့်စရာကောင်းအောင် ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာလက်စတာအသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ(၂)ဂိုးသွင်းယူခဲ့ပြီးယူနိုက်တက်ကစားသမားဘ၀ အ ကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့၂၀၁၉-၂၀ ရာသီက (၂၂)ဂိုးအရေအတွက်ကို ကျော်ဖြတ်ပြီး (၂၄)ဂိုးနဲ့တစ်ဦးချင်း သွင်းဂိုးစံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi