ပွဲကြပ်တွေများနေလို့ ဆင်ခြေမပေးစရာမရှိပင်မယ့် ပရိတ်သတ်တွေကိုဂတိတစ်ခုတောင်းလိုက်တဲ့နည်းပြ တန်ဟက်ဂ်
ယူနိုက်တက်အနေနဲ့ ဇယားထိပ်က အာဆင်နယ်နဲ့ ၅မှတ်အကွာကိုရောက်လာပေမယ့် အသင်းကြယ်ပွင့်တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်မစဉ်းစားထားဘူးလို့ တန်ဟတ်က ပြောဆိုလိုက်ပါတယ်။
လက်စတာကိုအနိုင်ရလိုက်တာက သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းအတွက်ကောင်းမွန်တဲ့အရိပ်အယောင်ဖြစ်ပေမယ့် Sky Sports နဲ့တွေ့ဆုံမှုမှာတော့တန်ဟတ်က “ကျွန်တော်တို့ ချန်ပီယံဆုအတွက်မစဉ်းစားပါဘူး။
လာမယ့်ပွဲအကြောင်းသာစဉ်းစားနေပြီး ကြာသပတေးနေ့ဟာ ကျွန်တော်တို့အတွက်ကြီးမားတဲ့ပွဲတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။
ကျွန်တော်တို့တိုက်ပွဲဝင်ရမှာပါ၊ကျွန်တော်တို့ပရိသတ်တွေက အိုးလ်ထရက်ဖို့ဒ်ကိုခံတပ်တစ်ခုဖြစ်အောင်လုပ်ရမှာဖြစ်သလို ဂိမ်းအစီအစဉ်တွေမှန်ကန်ဖို့လိုပါတယ်” လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ယူနိုက်တက်ဟာအမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅မှတ်၊ဒုတိယနေရာက မန်စီးတီးနဲ့ ၂မှတ်အကွာကိုရောက်လာပေမယ့် တန်ဟတ်အသင်းဟာဂန်းနားတွေထက် တစ်ပွဲပိုကစားထားတာဖြစ်တယ်။
လက်စတာကိုအနိုင်ရခဲ့ပြီးနောက်တန်ဟတ်ကရလဒ်အတွက်ကျေနပ်ပါတယ်၊ ကောင်းမွန်တဲ့ရလဒ်ပါ။၃ ရက်ကို တစ်ပွဲနှုန်းကစားရချိန်မှာ တူညီတဲ့စွမ်းဆောင်ရည်မျိုးအမြဲတမ်းမရနိုင်ပါဘူး။
ဒီနေ့ကတကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့မှာပြဿနာတွေရှိခဲ့ပြီးဒီဂီယာကြောင့်သာ ပထမပိုင်းပွဲချိန်မှာ clen sheet ရခဲ့တာပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
Zawgyi