ယူနိုက်တက် ကိုဝေဖန်နေတဲ့လူတွေ ကို ပါးစပ်ပိတ်အောင်လုပ်နိုင်ခဲ့တဲ့ နည်းပြ တန်ဟက်ဂ်
ရွိုင်ကိန်း၊ဂယ်ရီနဗီးလ် တို့ဆိုတာ ယခုခေတ်မန်ယူနိုက်တဒ် ကစားသမားတွေကို သူတို့ခေတ်က စံတွေ ပေတံ တွေ နဲ့ တိုင်းတာပြီး မကြာခဏ ဝေဖန်ပြစ်တင်လေ့ရှိသူတွေပဲ ဖြစ်ပါတယ်။
လက်တွေ့မှာလည်း ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုအတွင်း ယူနိုက်တဒ် မှာ လာရောက်ကစားခဲ့ကြတဲ့ ကစားသမားတွေဟာ အသင်းအတွက်၊အမှတ်တံဆိပ်အတွက်၊ပရိတ်သတ်တွေ အတွက် ဆိုတာထက် ငွေကြောင့်သာ လာရောက်ကစားကြသူတွေ ဖြစ်ပြီး ပရိုပီသရင်ပြီးရော ဆိုတဲ့ အဆင့်ထက် မပိုကြသူတွေ ဖြစ်လို့ တစ်ခေတ်တစ်ချိန်က အရိုးကျိုးကျိုး အရည်ခမ်းခမ်း ပေးဆပ်ကစားခဲ့ကြသူတွေအတွက် အဆိုပါ ကစားသမားအစုအဖွဲ့ကို မြင်တွေ့ရတာက အတော်လေး အားမလိုအားမရ ဖြစ်စေတာ အမှန်ပါပဲ။
ယခုရာသီမှာတော့ တန်ဟဂ် က အဆိုပါအခြေအနေကို ပြောင်းလဲလိုက်ပြီး အသင်းအတွက် ပေးဆပ်လိုစိတ်ရှိပြီး ဘောလုံးကန်ဖို့သာ အာရုံစိုက်ထားတဲ့ ကစားသမားတွေကို ပြောင်းလဲခေါ်ယူခဲ့တဲ့နောက် အခြေအနေကလည်း သိသိသာသာကို တိုးတက်ပြောင်းလဲသွားခဲ့ပါတယ်။
တန်ဟဂ် က ပေါဂ့်ဘာ လို ငွေတစ်မျက်နှာသာ ကြည့်တဲ့ ကစားသမားကို အသင်းအတွက်လိုအပ်ချက် ရှိနေသည့်တိုင် လက်လွှတ်စေခဲ့ပေမယ့် ဘောလုံးကို နှလုံးသားနဲ့ကစားပြီး အသင်းအတွက် သွေးနဲ့ချွေး ပေးဆပ်ကစားမယ့် မာတီနက်ဇ်၊ကတ်စမဲရိုး တို့လို ကစားသမားတွေကိုတော့ တန်ဖိုးမြင့် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။
ယူနိုက်တဒ် ရဲ့ ယခုရာသီခေါ်ယူမှုတွေ ဖြစ်ခဲ့တဲ့ မလာစီယာ၊မာတီနက်ဇ်၊ကတ်စမဲရိုး၊အဲရခ်ဆင် နဲ့ အန်တိုနီ တို့အားလုံးမှာ တူညီတဲ့ အချက်က ပြင်ပဘဝနေထိုင်မှုအေးဆေးလွန်းပြီး မီဒီယာထက် ထင်ပေါ်ကျော်ကြားလိုခြင်း မရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။
ယခင်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဆန်းချက်ဇ်၊ပေါဂ့်ဘာ၊ဒီမာရီယာ တို့ဟာ ကွင်းပြင်ပ ဘဝ နေထိုင်မှုပုံစံကို အလေးပေးကြလွန်းသလို တန်ဟဂ် လက်အောက်မှာ ထင်ပေါ်ကျော်ကြားလွန်းတာကြောင့် အဝတ်လဲခန်းအတွင်းမှာပါ ထိန်းချုပ်ရခက်တဲ့ ရော်နယ်ဒို ကိုပါ ရှင်းထုတ်ခဲ့တဲ့နောက် ကမ္ဘာ့ဖလားအလွန် အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ အချိတ်ဆက်မိမိရှေ့ဆက်လာနိုင်တာက တိုက်ဆိုင်မှု မဟုတ်တာတော့ သေချာပါတယ်။
ယူနိုက်တဒ်ကစားသမားတွေကိုမီဒီယာပုံရိပ်ထက် မကြာခ ဏ ရှိနေတာကို လျှော့ချဖို့ မီဒီယာနဲ့ကစားသမားကြား တွေ့ဆုံမှုတွေကိုကန့်သတ်ခဲ့သလို လူမှုရေးလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်လေ့ရှိတဲ့ ရရှ်ဖိုဒ့် ကို တောင် မီဒီယာအထက် မပါဝင်စေဖို့ တားဆီးခဲ့တာက အသင်းအတွက် ပိုမိုအာရုံစူးစိုက်စေခဲ့ပြီး ယခုအချ်န်မှာတော့ မန်ယူနိုက်တဒ်ကစားသမားတွေဟာ တစ်ချိန်ကလို ဘောလုံးကန်ဖို့သာ အာရုံစိုက်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ပြည့်ဝစွာ ရှေ့ကို ချီတက်လာကြပြီပဲ ဖြစ်ပါတယ်။
Zawgyi