Manu sports

၂၀၂၃ ဘလွန်ဒေါဆုရှင် ခန့်မှန်းစာရင်းမှာ PSGစတား နေမာ နဲ့အဆင့်တူ အံ့အားသင့်ဖွယ် ပါဝင်လာတဲ့ ယူနိုင်တက်တိုက်စစ်မှုး ရက်ရှ်ဖိုဒ့်

ယူနိုက်တက်ကြယ်ပွင့်ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာအံ့အားသင့်ဖွယ်ရာစွမ်းဆောင်ရည်တွေဆက်တိုက်ထုတ်ပြခဲ့ပြီးနောက်ဘွတ်ကီတွေရဲ့ ၂၀၂၃ ဘလွန်းဒီအော်ဆု အလေးပေးချက်မှာ အံ့အားသင့်ဖို့ကောင်းလောက်အောင် ရှေ့ထွက်လာခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ နည်းပြတန်ဟတ် လက်အောက်မှာဥရောပရဲ့အထွန်းတောက်ဆုံးကြယ်ပွင့်အဖြစ် ရပ်တည်လာနိုင်တာဖြစ်တယ်။

ကာတာကမ္ဘာ့ဖလားအပြီး ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၇ ဂိုးသွင်းထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ အခုအချိန်မှာ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ဘယ်ကစားသမားမျိုးထက်မဆို စွမ်းဆောင်ရည် ပိုမိုသာလွန်ပြီး အကောင်းဆုံးဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ သူ့ရဲ့ ၂၀၂၄ ခုနှစ်အတွင်းသက်တမ်းကုန်ဆုံးမယ့် ရက်ရှ်ဖို့ဒ်ရဲ့စာချုပ်ကိုပီအက်စ်ဂျီရဲ့စိတ်ဝင် စားမှုတွေရှိတဲ့ကြားကသက်တမ်းတိုးဖို့ပြင်ဆင်နေပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ တိုးတက်လာတဲ့ ခြေစွမ်းတွေကြောင့်လည်း ၂၀၂၃ ခုနှစ် ဘလွန်းဒီအော်စိန်ခေါ်မှုတွေအတွက်လောင်းကစားဒိုင်တွေရဲ့ အလေးပေးချက်မှာ ရက်ရှ်ဖို့ဒ်ရဲ့အနေအထားက သိသိသာသာတိုးတက်လာခဲ့ပြီး

Sky Bet ရဲ့ကြေးပေးမှုမှာတော့ ဟယ်ရီကိန်းနဲ့ နေမာတို့နည်းတူ ၃၃/၁ လေး ဖြစ်လာခဲ့ပါတယ်။ရေပန်းအစားဆုံးကတော့ မက်ဆီဖြစ်ပြီး အာဂျင်တိုင်းသားအတွက် ၂/၇ လေး ကြေးဖွင့်ထားသလိုသူ့ရဲ့နောက်မှာတော့ အမ်ဘာပီက ၇/၂ လေးနဲ့ရပ်တည်နေတာပါ။

လက်စတာကို ၃ဂိုးပြတ်အနိုင်ရပြီးတဲ့နောက် ရက်ရှ်ဖို့ဒ်က “ခက်ခဲပေမယ့်တွန်းအားပေးရမှာပါပဲ၊ကျွန်တော်တို့က ရာသီအစောပိုင်းမှာရှိနေဆဲဖြစ်ပြီး မတူညီတဲ့အရာများစွာအတွက်တိုက်ပွဲဝင်နေပါတယ်။

ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်လှမ်းဖို့မျှော်လင့်ထားပြီးကာရာဘောင်းဖလားဖိုင်နယ်ကလာတော့မှာဖြစ်လို့နောက် ထပ်ပွဲကြီးကရှိနေပါသေးတယ်။

တွန်းအားပေးပြီးစောင့်မျှော်ရမယ့်အရာတစ်ခုအမြဲရှိတယ်။ နှေးကွေးတယ်လို့မခံစားရပါဘူး။အမြဲတမ်းတွန်းအားပေးပြီးတိုးတက်ဖို့ကြိုးစားနေပါတယ်” လို့ ဆိုခဲ့ပါတယ်။

Zawgyi