Manu sports

အကွက်လှလှလေးတွေခင်းနေတဲ့ ဂလေဇာမိသားစုကြောင့် ယူနိုက်တက် ပရိသတ်တွေကို စိတ်ညစ်စေအုံးမယ့်အဓိကအကြောင်းရင်း

ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေအဖြစ် ဆက်ရှိဖို့ အမေရိကန်ငွေကြေးထောက်ပံ့ရေး အဖွဲ့အစည်းဖြစ်တဲ့ Elliott Management က ငွေကြေးပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်းကို ကမ်းလှမ်းခြင်း ခံထားရကြောင်း သိရပါတယ်။ လက်ရှိမှာ မန်ယူအသင်းကို ဝယ်ယူဖို့အတွက် ကာတာဘဏ်လုပ်ငန်းရှင်

Sheikh Jassim Bin Hamad Al Thani နဲ့ ဗြတိသိသျှဘီလီယံနာသူဌေးဆာဂျင်ရတ်ကလစ်ဖ်တို့က စိတ်ဝင် စားနေကြပြီးတော့ ကမ်းလှမ်းမှုတွေ အသီးသီးလုပ်ဆောင်ထားခဲ့ကြပါတယ်။ မန်ယူအသင်းကို စတင်ဝယ်ယူတဲ့ ၂၀၀၅ ခုနှစ်တည်းက မန်ယူပရိသတ်တွေရဲ့ မေတ္တာကို မရရှိခဲ့တဲ့ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို အလုံးစုံ

ထိန်းချုပ်ခြင်းကနေ လက်လွှတ်ဖို့အတွက် ပေါင် ၆ ဘီလီယံအထိ အလိုရှိနေတာ ဖြစ်ပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ Elliott ဟာလည်း မန်ယူအသင်းကို စိတ်ဝင်စားနေတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ နယူးယော့ခ်အခြေစိုက်အုပ်စုဟာ သူတို့ရဲ့ ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြုလုပ်ခဲ့တယ်လို့

သိရပါတယ်။ အဆိုပါကမ်းလှမ်းမှုဟာ ယူနိုက်တက်ပူးတွဲရှယ်ယာရှင်တွေဖြစ်တဲ့ ဂျိုးလ်ဂလေဇာနဲ့ အေဗရမ် ဂလေဇာတို့ကို မန်ယူအသင်းရဲ့ ပိုင်ရှင်တွေအဖြစ် ဆက်ရှိနေဖို့ ဖြစ်နိုင်ချေကို ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ Elliott ရဲ့ ကမ်းလှမ်းချက်ဟာ အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းတာမျိုးမဟုတ်ပဲ၊ အခြားသောလုပ်ငန်းရှင်တွေနဲ့

အသင်းကို အပြည့်အဝရောင်းချခြင်း မအောင်မြင်ပါက၊ ငွေကြေးပိုင်းဆိုင်ရာအရ အထောက်အပံ့ပေးသွားဖို့အတွက် ဖြစ်တယ်လို့ ထိုသတင်းကပဲ ဆိုထားပါတယ်။ ထို့အတွက်ကြောင့် ဂလေဇာတို့အနေနဲ့ အသင်းပိုင်ရှင်ဆက်ရှိသွားဖို့ အခွင့်အရေးကလည်း ရှိနေပြီး၊ အဆိုပါသတင်းကသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ မန်ယူပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ပါတယ်။

Zawgyi