Manu sports

အန်တိုနီ ကိုယူနိုက်တက်အသင်း သို့ ဘာကြောင့်ရောင်းချရလဲဆိုတာကိုထုတ်ပြောလိုက်တဲ့နယ်သာလန်ဂန္ထဝင်တိုက်စ စ်မှုးဟောင်းမာကိုဗန်ဘတ်စတန်

နယ်သာလန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းမာကိုဗန်ဘတ်စတန်က မန်ယူကြယ်ပွင့်အန်တိုနီရဲ့အေဂျက်အသင်းဖော်ဟောင်းဟာ ဘရာဇီးသားတောင်ပံကစားသမားထက် အများကြီးပိုကောင်းကြောင်း ပြောကြားလိုက်ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့သြဂုတ်လကုန်တုန်းက ၂၂ နှစ်အရွယ် ဘရာဇီးသားအတွက် အေဂျက်ကို ပေါင် ၈၆ သန်းတောင် ပေးခဲ့ရတာပါ။အန်တိုနီဟာ အာဆင်နယ်နဲ့ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မှာဂိုးသွင်းနိုင်ခဲ့သလိုပြီးခဲ့တဲ့အောက်တို ဘာ မန်စီးတီးကို ၆-၃ နဲ့ ရှုံးခဲ့တဲ့ပွဲမှာလည်း လှပတဲ့ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ သူဟာ အဲဒီအချိန်ကတည်းက ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့ပြီး တစ်ဂိုးမှ ဂိုးဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။အခုလည်း ဒဏ်ရာကြောင့် ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲစလုံးကို လွဲချော်ထားပါတယ်။

အဲဒါကြောင့် ကြေးကြီးပေးခဲ့ရတဲ့ အန်တိုနီရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိလာခဲ့တာပါ။ဒီအချိန်မှာ ဗန်ဘတ်စတန်က အန်တိုနီကို ယူနိုက်တက်ခေါ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်ပုံရပြီးလက်ရှိအေဂျက်တိုက်စစ်ကစားသမားက အန်တိုနီထက် ပိုကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

မိုဟာမက်ကူဒက်က အန်တိုနီထက် အများကြီးပိုကောင်းတဲ့ကစားသမားလို့ ကျွန်တော်မြင်ပါတယ်။အန်တိုနီမှာက စကေးရှိပေမယ့် သူလုပ်တဲ့ဟာကို မရေမရာတာတွေ ရှိတတ်ပါပါတယ်။ကူဒက်က တော့ နည်းစနစ်ပိုင်းအများကြီးပိုကောင်းကာ သူဘာလုပ်သလဲဆိုတာ သူသိပါတယ်။

အန်တိုနီကပိုမြန်နိုင်ပေမယ့်ကူဒက်က ပိုတော်၊ ပိုနည်းစနစ်ကျပါတယ်။သူက ဘောလုံးသမားတစ်ယောက်နဲ့အများကြီးပိုတူပါတယ်။သူ့ကို ကွင်းထဲမှာ ကြိုက်တဲ့နေရာထား အသင်းအတွက် ဘက်စုံသုံးလို့ရသူတစ်ယောက်ပါ။

ကျွန်တော်ကတော့ အန်တိုနီထက် သူ့ကို အများကြီးပိုကြိုက်ပါတယ်”လို့ ဗန်ဘတ်စတန်က ပြောကြားခဲ့တာပါ။ဂါနာလက်ရွေးစင်လည်းဖြစ်တဲ့ မိုဟာမက်ကူဒက်ဟာ ဒီရာသီ အေဂျက်မှာ ခြေစွမ်းပြနေပြီး နယ်သာလန်လိဂ် ၂၁ ပွဲမှာ ၉ ဂိုးသွင်းထားကာချန်ပီယံလိဂ်မှာလည်း အေဂျက်သာ ပြုတ်ခဲ့ပေမယ့် သူကတော့ ၆ ပွဲမှာ ၄ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

Zawgyi