ရီးရဲလ်မက်ဒရစ်အသင်း ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အပြင်းထန်ကြိုးစားလာဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမဲ့နွေရာသီမှာ မက်ဒရစ််ဂျိုကာ ကိုခေါ်ယူနိုင်မယ်လို့ယုံကြည်နေပြီး အပြောင်းအရွေ့မှာ ဗားရန်းနဲ့ ကာစီမီရိုတို့ကိုအသုံးချသွားမယ်လို့သိရပါတယ်။လီဗာပူလ်းအသင်းကလဲအထူးစိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ကစားသမားကတော့ အခုထိသူ့ဘက်ကဘာတစ်ခုမှပြောဆိုထားခြင်းမရှိသေးပါဘူး အပြိုင်ကမ်းလှမ်းမှုတွေရှိလာရင် မက်ဒရစ်ဘက်ကစျေးဖွင့်ပေးရမှာဖြစ်ပြီး စပိန်သတင်းစာတွေရဲ့အဆိုအရ အနည်းဆုံးယူရိုသန်း 130 လောက်ဖြစ်မယ်လို့ဖော်ပြခဲ့ကြပါတယ် ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းရွေ့ကလည်း သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပင်မယ့် အသင်းရဲ့ငွေကြေးလိုအပ်ချက်ကြောင့် လက်လွတ်ခဲ့ရတယ်လို့သိရပါတယ်။
စပိန်သတင်းစာတွေရဲ့ ရေးသားဖော်ပြချက်အရတော့ ယူနိုက်တက်အသင်းသည် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီကို ခေါ်ယူဖို့အတွက် ဆက်လက် ကြိုးပမ်းသွားဖို့ရှိနေတယ်လို့အတိကျဖော်ပြလာပါတယ်။
ကစားသမားကိုယ်တိုင်လည်း အတွေ့ကြုံအသစ်တွေထပ်မံရယူလိုနေတာကြောင့် နယ်မြေသစ်ကိုခြေဆန့်ချင်နေပြီး ပရီးမီးယားလိဂ်မှာလာကစားမလားဆိုတာတော့စောင့်ကြည့်ရအုံးမှာပါ။
ယူနိုက်တက်တာဝန်ရှိသူများက အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ကက်စမဲရိုး နဲ့ ဗာရန်း တို့နဲ့အတူတွဲကစားနိုင်ဖို့အတွက်မရမကခေါ်ယူချင်နေပါတယ်။