ယူနိုက်တက်မှာဂိုးသွင်းကောင်းနေတဲ့ရက်ရှ်ဖိုဒ့်ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနေတဲ့ ယူနိုက်တက်ကြယ်ပွင့်
ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်ကပျော်ရွှင်စရာကောင်းတဲ့သွင်းဂိုးတွေရယူပေးနေပေမယ့်
အခြားတစ်ဖက်မှာတော့ သူဟာအသင်းရဲ့
Clean Sheets မှတ်တမ်းတွေအတွက်ကျေ
နပ်နေရမှာပဲဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၄ ဂိုးသွင်းပေးထားတဲ့ ရက်ရှ်ဖို့ဒ်အတွက်တော့လာမယ့်
၃ရက်လောက်အတွင်းက အရေးကြီးတဲ့အခိုက်အတန့်ကိုဖြတ်သန်းရမှာပဲဖြစ်တယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ဘာစီလိုနာကိုအနိုင်ကြိတ်ရမယ်၊ ပြီးရင်ဝင်ဘလေဆက်သွားပြီး
ကာရာဘောင်းဖလားယူဖို့ကြိုးစားရမယ်။
နယူးကာဆယ်နဲ့ပွဲစဉ်ကတော့သရဲနီတွေအတွက် ၂၀၁၇နောက်ပိုင်းပထမဆုံးဆုဖလားမျှော်လင့်ချက်လို့ဆိုရမှာပါ။
ဒါကြောင့်ရက်ရှ်ဖို့ဒ်ဟာ ဒီရက်ပိုင်းအတွင်းမှာ မနားစတမ်းတောင်းဆိုမှုတွေနဲ့ရင်ဆိုင်ရဖို့ရှိနေတာဖြစ်တယ်။ ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပါ။
သူက ဘာကိုမှအားမကိုးဘူး၊ ပြီးတော့ကြီးမားတဲ့အပြောင်းအလဲတွေထဲကတစ်ခုကတော့ နည်းပြသစ်နဲ့ သူ့ရဲ့အဖွဲ့ဝင်သစ်တွေပါပဲ။
သူတို့ကြောင့် အရင်ကစိတ်ဓာတ်မျိုးပြန်ရခဲ့တယ်။
ဒါက ကျွန်တော်နဲ့အသင်းအတွက်ကြီးမားတဲ့အရာပါ” လို့ရက်ရှ်ဖို့ဒ်က ဖွင့်ဟထားပါတယ်။
ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်တော့ဒီဂီယာနဲ့ သူ့ရဲ့ခံစစ်ကစားဖော်တွေရဲ့စွမ်းဆောင်ရည်က အရမ်းကိုကျေနပ်ဖို့ကောင်းနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြိုင်ပွဲစုံ Clean Sheetsမှတ်တမ်းကိုကြည့်ရင် ၃၈ ပွဲကစားထားတဲ့ ယူနိုက်တက်က ၁၈ ပွဲပေးဂိုးမဲ့နဲ့
Clean Sheets အများဆုံးရထားတဲ့အသင်းအဖြစ်ရပ်တည်နေတာဖြစ်တယ်။
ဒီဂီယာဟာပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၀ ပွဲအထိ Clean Sheets ရအောင်ကစားထားနိုင်ပါတယ်။
ယူနိုက်တက်ရဲ့ထိပ်တန်းကြယ်ပွင့်ဖြစ်လာတဲ့ရက်ရှ်ဖို့ဒ်ကလည်း နည်းပြတန်ဟတ်လက်ထက်မှာ ကစားသမားတွေဟာ
ဒေးဗစ်ဒီဂီယာနဲ့ခံစစ်ကစားသမားတွေကို Clean Sheets ရအောင်ကူညီပေးဖို့အတွက်
ပိုပြီးစိတ်အားထက်သန်လာကြတယ်လို့ ဖွင့်ဟထားပါတယ်။