Manu sports

အိုးထရတ်ဖို့ဒ်မှာ ဘာစီလိုနာအသင်းဟာ ဘယ်လိုအသင်းမျိုးလဲဆိုတာကို သက်သေပြရတော့မယ်လို့ ကြုံးဝါးလိုက်တဲ့ ဘာစီတိုက်စစ်ကစားသမား တော်ရက်စ်

အိုးထရတ်ဖို့ဒ်မှာ ဘာစီလိုနာအသင်းဟာ ဘယ်လိုအသင်းမျိုးလဲဆိုတာကို သက်သေပြရတော့မယ်လို့ ကြုံးဝါးလိုက်တဲ့ ဘာစီတိုက်စစ်ကစားသမား တော်ရက်စ်

ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်က အိုးထရတ်ဖို့ဒ်မှာမန်ချက်စတာ ယူနိုက်တက်ကို ကျော်ဖြတ်ရမယ့် ပွဲစဉ်နဲ့ ပတ်သက်လို့သူ့ရဲ့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ဥရောပ အင်အားကြီး ကလပ်အသင်း ( ၂ ) ခုဟာ ယူရိုပါလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် လာမယ့် ကြာသပတေးနေ့မှာယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ် ကမ့်နူးမှာတုန်းက( ၂-၂ ) သရေရလာဒ်ထွက်ပေါ်ခဲ့တဲ့အတွက် Theatre of Dreams မှာနှစ်သင်းစလုံးအတွက် အခွင့်အရေးရှိနေတယ်လို့ ပြောလို့ရပါတယ်။

နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ နှစ်သင်းစလုံး အနိုင်ရလာဒ် လိုအပ်ပါတယ်။တောရက်စ်အနေနဲ့ ပက် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းတွင်ကစားစဉ် အိုးထရတ်ဖို့ဒ်မှာအနိုင်ရဖို့ဘာတွေလိုအပ်သလဲဆိုတာအတွေ့ အကြုံရှိပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့လက်ရှိခြေစွမ်းက ကြောက်ကမန်းလိလိ ဖြစ်နေပြီး ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး ( ၁၅ ) ပွဲမှာ ( ၁၄ ) ပွဲထိ အနိုင်ရထားပါတယ်။

တောရက်စ်ကအဆိုပါ ပွဲစဉ်နဲ့ ပတ်သက်ပြီး “ ကျွန်တော်တို့အနေနဲ့မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး ပြေးလွှားကစားရပါမယ်။

အိုးထရတ်ဖို့ဒ်ကခက်ခဲတဲ့အတွက်ဘောလုံးကိုင်ပြီးဘယ်လို အသုံးချရမလဲဆိုတာသိဖို့ လိုပါတယ်။ သူတို့က form ကောင်းနေပါတယ် ၊ ရက်ဖို့ဒ်ကိုပဲ ကြည့်လိုက်ပါ။ဒါပေမယ့် ငါတို့က ဘာကာပါ ။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက ကာဒစ်ကို ( ၂-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ တောရက်စ်ဟာ ယူနိုက်တက်နဲ့ ပွဲစဉ်မှာပါဆက်လက် ပွဲထွက်ပါဝင်လာနိုင်တယ်လို့သတင်းတွေ ထွက်နေပါတယ်။