Manu sports

ဘာစီလိုနာနဲ့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှနည်းပြ တန်ဟက်ဂ် ရဲ့ မှတ်သားဖွယ်ရာပြောစကားများ

ဘာစီလိုနာနဲ့ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှနည်းပြ တန်ဟက်ဂ် ရဲ့ မှတ်သားဖွယ်ရာပြောစကားများ

ယနေ့သတင်းစာရှင်းလင်းပွဲတွင်နည်းပြတန်ဟက်မှကျွန် တော် တို့အားလုံးက ပွဲစဥ်ကောင်းတွေကိုပဲ ကစားချင်ကြပါတယ်။ ကျွန်တော်တို့ ငယ်စဥ်ဘဝတုန်းကလည်း ဒါမျိုးကစားဖို့ပဲ အိမ်မက် မက်ပါတယ်။

ကျွန်တော်တို့ဒီပွဲ အတွက် စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံအားလုံးကို ပေးဆပ် သွားပါမယ်။

ဆာအဲလက်စ်ဖာဂူဆန်နဲ့ ညစာအတူ စားခဲ့တဲ့အပေါ်လား? တကယ်တော့ သူ့ရဲ့အားပေးထောက်ခံမှုကိုရရှိတာက တကယ့်ကိုကြီးမြတ်ပါတယ်။ ဘောလုံးလောကမှာအတွေ့ အကြုံရင့်ကျက်ပြီး ဗဟုသုတ ကြွယ်ဝတဲ့ လူနဲ့စကားပြော ရတာကို ကျွန်တော်ကြိုက်ပါတယ်။

သူက အသင်းအတွက် အကောင်းဆုံးဖြစ်တာကိုပဲလိုချင်ပါတယ်ဒီကလပ်က သူ့အသင်းလို့တောင်ပြောလို့ရပါတယ်။ တကယ်တမ်းတော့ အဲ့ညစာ စားပွဲက ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဂါဗီ နဲ့ ပီဒရစ်တို့လွဲချော်ကြမယ့်အပေါ်လား? ပြောရရင် သူတို့တွေက ကစားသမားကောင်းတွေပါ။ ဘာစီလိုနာမှာ တော့ သူတို့နေရာကို အစားထိုးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။

မနက်ဖြန်ကျရင် သူတို့က ကောင်းမွန်တဲ့ အသင်းတစ်သင်းအဖြစ်ရှိနေသွားပါလိမ့်မယ်။ အကယ်လို့ ကျွန်တော်တို့က အနိုင်လိုချင်ရင် ကျွန်တော်တို့ဆီမှာ အကောင်းဆုံးပုံစံ တွေရှိထားရပါမယ်။

ယခုတစ်ပတ်အတွင်း ဗိုလ်လုပွဲ ပွဲစဥ်ကစားရမယ့်အပေါ်လား? ကျွန်တော်တို့က ရှေ့မှာကစားရမယ့်ပွဲတစ်ပွဲကိုပဲ အမြဲတမ်းအာရုံစိုက်ပါတယ်။

ကျွန်တော်တို့က ဒါမျိုးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းသွားရပါမယ်။ ဘာစီလိုနာ ဖြစ်စေ တစ်ခြားအသင်းဖြစ်စေ ယှဥ်ပြိုင်ရမယ့်အသင်း တိုင်းကို အာရုံအပြည့်စိုက်ပါတယ်။

နေ့စဥ်နေ့တိုင်းတစ်နေ့ထက်ပိုပိုကောင်းလာအောင်ကျွန်တော် တို့ဖြစ်ချင်ပါတယ်။ မနက်ဖြန်ကျရင် ဒီရာသီတစ်လျှောက် အကောင်းဆုံးပုံစံမျိုးမှာ ကျွန်တော်တို့ကစားသွားရပါမယ်။ ဒီအရာအပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။”