Manu sports

ယူနိုက်တက်ကြယ်ပွင့် ကို ရဖို့အတွက် ပေါင်သန်း 40 အပြင် နေမာ ကိုပါအလိုက်ပေးကမ်းလှမ်းဖို့ရှိနေတဲ့ PSGအသင်း

ယူနိုက်တက်ကြယ်ပွင့် ကို ရဖို့အတွက် ပေါင်သန်း 40 အပြင် နေမာ ကိုပါအလိုက်ပေးကမ်းလှမ်းဖို့ရှိနေတဲ့ PSGအသင်း

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ လစာမြင့်မားလို့အသင်းကနေ နွေရာသီမှာ ကစားသမားတစ်ချို့ကိုရှင်းထုတ်ဖို့ရှိနေပြီး ဒီထဲမှာစူပါစတားနေမာပါဝင်လာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ

ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က လာမယ့် ၂၀၂၆ခုနှစ် ဘောလုံးရာသီ ကုန်ဆုံးမှသာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

တစ်ဆက်ထဲမှာပဲ ပီအက်စ်ဂျီအသင်းဟာနေမာကိုယူနိုက်တက်ဆီဝယ်ယူပေးဖို့ကမ်းလှမ်းခဲ့ပြီး နေမာ+ သန်း၄၀ ထပ်မံပေးကာ ၎င်းတို့ကို မားကပ်ရက်ဖိုစ့်ပြန်လည်ပေးရမည်ဟုကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာနေမာကိုသန်း ၈၀ ဆိုပြီးစျေးနှုန်းသတ်မှတ်ထားတဲ့အတွက်ကြောင့် အပိုသန်း ၄၀နဲ့အတူ ယူနိုက်တက်က စျေးဖွင့်ထားတဲ့မားကပ်ရက်ဖိုစ့် သန်း ၁၂၀နဲ့ညီမျှကြောင်းယူဆခဲ့

ပြီးယူနိုက်တက်ဘက်ကသာ လက်ခံပါက အကြိုသဘောတူလက်မှတ်ရေးဖို့အဆင်သင့်ရှိနေကြောင်းပြောကြားထားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုက ဘယ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကလဲ ရပ်ရှ်ဖို့ဒ်ကို အသင်းမှာဆက်ထိန်းဖို့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။