sports Manu

အသင်းမှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်ကြယ်ပွင့် ၂ ဦး ကို ဒီခေါတ်မှာမို့လို့နေရာရနေတာပါလို့ ပြောကြားလိုက်တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အန်ဒီကိုးလ်

အသင်းမှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်ကြယ်ပွင့် ၂ ဦး ကို ဒီခေါတ်မှာမို့လို့နေရာရနေတာပါလို့ ပြောကြားလိုက်တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အန်ဒီကိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း အန်ဒီကိုးလ်က ကတ်စ်မဲရိုးကော၊ မားကပ် ရက်ရှ်ဖို့ဒ်ကောဟာ နာမည်ကျော် ၁၉၉၉ ခုနှစ် မန်ယူအသင်းမှာ နေရာရမာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ၁၉၉၉ ခုနှစ်တုန်းက ပရီးမီးယားလိဂ်၊ အက်ခ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုတစ်ရာသီအတွင်း ယူပြခဲ့ပြီးတော့

ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ထိုအချိန်တုန်းက မန်ယူအသင်းရဲ့ တိုက်စစ်မှာ ဒရွိုက်ရော့ခ်၊ အန်ဒီကိုးလ်၊အိုလီဂန်းနား ဆိုးလ်ရှားနဲ့ တက်ဒီရှယ်ရင်ဟန်တို့ ရှိခဲ့ပြီး၊ ရက်ရှ်ဖို့ဒ်အနေနဲ့ ထိုကစားသမားတွေကို ကျော်ပြီး ပွဲထွက်ကစားခွင့်ရမာ မဟုတ်ဘူးလို့ အန်ဒီကိုးလ်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ထပ်ပြီးတော့

ကတ်စ်မဲရိုးအနေနဲ့လည်း ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ ရွိုင်ကိန်းနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရှိနေတဲ့ ကွင်းလယ်မှာ နေရာရမာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ” ဒရွိုက်ခ်ပြောတာကို ကျွန်တော် သဘောတူတယ်၊

ရက်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိပုံစံအရတောင် ဖလားသုံးလုံးရခဲ့တဲ့အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါနိုင်မာ မဟုတ်ပဲ၊ အရန်ခုံထိုင်ရနိုင်တယ်။ ရိုင်ယန်ဂစ်နဲ့ ”

ဒေးဗစ် ဘက်ခမ်းတို့ရဲ့ အရှေ့မှာလား၊ သူ့ရဲ့ အကောင်းဆုံးပုံစံရနေရင်တောင် ကံမကောင်းစွာနဲ့ မဖြစ်နိုင်ဘူး။

ဂစ်နဲ့ ဘက်ခမ်းကိုထုတ်ရင်တော့ ရက်ရှ်ဖို့ဒ်က အသင်းမှာ နေရာရကောင်းရနိုင်တယ်၊ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိခဲ့တယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ သချောပေါက်အသင်းမှာ ပါနိုင်မာ မဟုတ်ပါဘူး ”

ကတ်စ်မဲရိုးကလည်း ရွိုင်ကိန်း၊ ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ်တို့ကို ကျော်ပြီး နေရာမရနိုင်ဘူး။ ကတ်စ်မဲရိုးက အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကိန်းနဲ့ စခိုးလ်တို့ကို ကျော်ပြီး သူ့ကို ရွေးမလားဆိုရင်တော့ နိုးပါ။

သူ အရန်ခုံပဲထိုင်ရလိမ့်မယ်။သူက အသင်းကို ရောက်လာတည်းကကြီးမားတဲ့တိုးတက်မှုရှိစေခဲ့သူပါသူ့ကို ကျွန်တော် အရမ်းကြိုက်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။