Manu sports

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်တယ်လို့ အချက်အလက်နဲ့ထောက်ပြလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဂျိမ်းစ်

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်တယ်လို့ အချက်အလက်နဲ့ထောက်ပြလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဂျိမ်းစ်

ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်လက်ရွေးစင် နာမည်ကျော်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီလို့ သုံးသပ်ခန့်မှန်းလိုက်ပါတယ်။

ဒီရာသီအစက ပရီးမီးယားလိဂ်(၂)ပွဲဆက်ရှုံးနိမ့်ခဲ့ပေမယ့် အခုအချိန်မှာတော့ ယူနိုက်တက်တို့ ရလဒ်ကောင်းတွေရယူနေပြီး ဖလား(၄)လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်အဖြစ် ရပ်တည်နေပါတယ်။

အခုလောလောဆယ်ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက အာဆင်နယ်နဲ့ (၅)မှတ်သာကွာဟနေတာကြောင့် ယူနိုက်တက်အသင်းချန်ပီယံပြေးလမ်းကြောင်းပေါ်မှာဆက်ရှိနေဆဲပါပဲ။

အဲဒါကြောင့် ဒေးဗစ်ဂျိမ်းစ်က “ပရီးမီးယားလိဂ်ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ ပြောဖို့ခက်သလို ကျွန်တော်က မလိုအပ်ဘဲလေတိုက်တာမျိုး မလုပ်ချင်ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းအာဆင်နယ်နဲ့ မန်စီးတီးတို့ ရလဒ်တွေ မတည်မငြိမ်ဖြစ်ခဲ့တာကြောင့်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းကလည်း ရလဒ်ကောင်းတွေရယူနေတာကြောင့်ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေဆဲပါပဲ”လို့ ပြောကြားခဲ့ပါတယ်။