ရာသီကုန်မှာ ယူနိုက်တက် နည်းပြရာထူးကနေတန်ဟက်ဂ် နှုပ်ထွက်သင့်တယ်လို့တလွဲအကြံပြုလိုက်တဲ့ ကစားသမားဟောင်း ပေါလ်ပါကား
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဟောင်း ပေါလ်ပါကာက နည်းပြ အဲရစ် တန်ဟန့်အနေနဲ့ ဘယ်သူကမှ မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ အရာတစ်ခုဖြစ်လာခဲ့မယ်ဆိုရင် ရာသီအကုန်မှာ
နှုတ်ထွက်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာနည်းပြတန်ဟန့်ရဲ့လက်အောက်ကောင်းမွန်လှတဲ့ရာသီတစ်ခုရှိနေပြီး
ဒီရာသီမှာ ပြိုင်ပွဲလေးခုစလုံးကနေ မထွက်ရသေးတဲ့ တစ်ခုတည်းသော အင်္ဂလိပ်အသင်းဖြစ်နေပါတယ်။ ဒါ့အပြင် ထိုပြိုင်ပွဲတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ ကာရာဘောင်းဖလားမှာ ဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီး၊ နယူးကာဆယ်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားသွားရမာ ဖြစ်ပါတယ်။ ဒါဟာ နှစ်သင်းစလုံးအတွက် ကောင်းတဲ့
အခွင့်အရေးဖြစ်ပြီး၊ မန်ယူအသင်းအနေနဲ့ ဖလားရရှိခဲ့မယ်ဆိုရင် ခြောက်နှစ်အတွင်း ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်မာဖြစ်ရုံမက၊ ဆုဖလား လေးလုံးအိပ်မက်ကို မက်ခွင့်ရှိနေအုန်းမာဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲမှာ နိုင်ပွဲတွေ ရရှိဖို့လိုသလို၊ ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်နဲ့ မန်စီးတီးတို့ကို အမှီလိုက်နိုင်ဖို့ လိုပါတယ်။
ထို့အတွက်ကြောင့် ပေါလ်ပါကာက ထိုအရာက မဖြစ်နိုင်ကြောင်းနဲ့ အကယ်၍ ဖြစ်လာခဲ့ရင် တန်ဟန့်အနေနဲ့ မန်ယူနည်းပြဘဝကနေ အနားယူသင့်တယ်လို့ ဆိုခဲ့ပါတယ်။
မန်ယူအသင်းသာ ဒီရာသီမှာ ဖလားလေးလုံးရသွားရင် အလွန်ကိုကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်အဲ့ဒီလိုဖြစ်လာခဲ့ရင်လည်းချန်ပီယံလိဂ်ဖလား မဟုတ်ပဲ
ယူရိုပါလိဂ်ဖလားဆိုတော့ အရမ်းကြီးတော့ ကြီးကျယ်နိုင်မာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ တကယ်သာဖြစ်လာခဲ့ရင်တော့ ရိုးရိုးသားသား ပြောရရင် အရမ်းမိုက်ပါလိမ့်မယ်၊ အဲ့ဒီအခါ အဲရစ် တန်ဟန့်အနေနဲ့ မန်ယူနည်းပြဆက်မလုပ်ပဲ မန်ယူအသင်းကနေ နှုတ်ထွက်သင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီစံချိန်ကို သူ ဘယ်တော့မှ ကျော်နိုင်မာ မဟုတ်လို့ပဲ ” လို့ ဆိုခဲ့ပါတယ်။