Manu sports

ယူနိူက်တက်အသင်းမှာ တက်နိုင်သမျှပေးဆပ်ခဲ့တဲ့အတွက် အမြဲအမှတ်ရနေမှာပါ ဝက်ဟော့ရေ

ယူနိူက်တက်အသင်းမှာ တက်နိုင်သမျှပေးဆပ်ခဲ့တဲ့အတွက် အမြဲအမှတ်ရနေမှာပါ ဝက်ဟော့ရေ

ဘန်လေအသင်းကနေ အငှားနဲ့လာကစားနေတဲ့ ဝက်ဟော့ကို ရာသီအကုန်မှာ မန်ယူအသင်းဘက်က အပြီး သတ်ခေါ်ယူဖို့ ပြင်ဆင်မထားဘူးလို့ သိရပါတယ်။

မန်ယူနည်းပြ တန်ဟတ်အနေနဲ့ ဇန်နဝါရီတုန်းက တိုက်စစ်မှူးလိုတာကြောင့်ပိုက်ဆံမသုံးရမယ့် တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူခွင့်ရခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးသုံးခွင့်မရှိတဲ့အပေါ် ရေတိုဖြေရှင်းမှုအဖြစ်ပေါင် (၂)သန်းခွဲလောက်နဲ့ ဝက်ဟော့စ်ကို အငှား ခေါ်လိုက်ပါတယ်။

ခေါ်ထားချိန်မှာ အပြီးသတ်ခေါ်ယူခွင့်ပါတယ်လို့ သတင်းအမျိုးမျိုးထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာက မပါဝင်ပါဘူး။အပြီးသတ်ဝယ်ယူခွင့်ရော၊ မဖြစ်မနေ အပြီးသတ် ဝယ်ယူခွင့်အတွက်ရော စာချုပ်တစ်ခုမှ မပါပါဘူး။ သဘောက အပြီးသတ်ခေါ်ဖို့ အစကတည်းက မစဉ်းစားထားတာကြောင့်ပါ။

မန်ယူအနေနဲ့ ဝက်ဟော့စ်ကို (၆)လအတွက် သီးသန့်ပဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း တန်ဟတ်ရဲ့အစီအစဉ်မှာ ကောင်းကောင်းအလုပ်ဖြစ်နေတဲ့ ဝက်ဟော့ဟာ မရှိသုံးပုံစံမှာအတော်လေးအံဝင်တာကြောင့် ပရိသတ်တွေက အရန်အနေနဲ့ပဲထားထားဆိုပြီး အပြီးသတ်ခေါ်စေချင်နေကြပါတယ်။

သွင်းဂိုးနဲ့ဖန်တီးမှုအပိုင်းမှာအားရစရာမရှိပေမဲ့ ကစားကွက်မှာ ချိတ်ဆက်ပေးသူအဖြစ် အားကျိုးမာန်တက် ဆော့ကစားနေတာက ပရိသတ်တွေကို သဘောကျစေတာဖြစ်ပါတယ်။

ပရိသတ်တွေ ဘယ်လောက်ပဲ သဘောနေပါစေ၊ မန်ယူနဲ့ ကစားသမားကတော့ ရာသီကုန်ရင်လမ်းခွဲရမှာဘဲ ဖြစ်ပါတယ်။

စာချုပ်မှာ ကတည်းက အပြီးသတ်ခေါ်ယူခွင့်တစ်ခုခု ညှိနှိုင်းထားခဲ့ရင် ခေါ်ယူကောင်းခေါ်ယူနိုင်ပေမဲ့ အခုအခြေအနေကတော့ တိုက်စစ်မှူးသစ်တွေကို ဝယ်ယူဖို့ရှိလို့ဆိုပြီး၊ ကြိုတွေးထားလို့ရနိုင်ပါတယ်။ ဝက်စ်ဟော့စ်ကို မခေါ်တာလည်း အကောင်းဘက်က တွေးကြည့်ရင် ပိုကောင်းတဲ့ ကစားသမားတွေရောက်လာမယ့်သဘောပါပဲ။