sports Manu

ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်တုန်းကလို ယူနိုက်တက် ကို ဥရောပအသင်းအားလုံးကြောက်အောင်လို့ ပုံသွင်းခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်တုန်းကလို ယူနိုက်တက် ကို ဥရောပအသင်းအားလုံးကြောက်အောင်လို့ ပုံသွင်းခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play off ဒုတိယအကျော့အဖြစ် ဘာစီလိုနာကိုအိုးလ်ထရက်ဖို့ဒ်မှာ(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီးရှုံးထွက်(၁၆) သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

ပွဲချိန်(၁၈)မိနစ်မှာဒိုင်လူကြီးရဲ့အငြင်းပွားစရာ ဆုံးဖြတ် ချက်ကြောင့် ယူနိုက်တက်တို့ ပယ်နယ်တီပေးခဲ့ရပြီးဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့ ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

ယူနိုက်တက်အတွက်ချေပဂိုးကို ဒုတိယပိုင်းစလို့ (၂)မိနစ်လောက်အကြာမှာပဲဘရူနိုဖာနန်ဒက်စ် ထိုးပေးလိုက်တာကနေ ဖရက်ဒ်က ဆွဲပြေးပြီးတော့ ညာခြေနဲ့ ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းအစမှလူစားဝင်ကစားတဲ့အန်တိုနီကပွဲချိန်(၇၃)မိနစ် မှာ ဖရက်ဒ်ရဲ့ ကန်ချက် ဘာစီလိုနာနောက်ခံလူနဲ့ ထိပြီး ပြန်ထွက်လာတာကိုဘယ်ခြေနဲ့မြေမကျကန်သွင်းခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့်ယူနိုက်တက်အသင်းဟာဂရန်နာဒါ ၂၀၂၁ ၊ ဧပြီလ)နောက်ပိုင်း ပထမပိုင်းအပြီးမှာ ဘာစီလိုနာကို ရှုံးနိမ့်နေပေမယ့်

ပွဲအပြီးမှာနိုင်ပွဲရယူခဲ့တဲ့ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားပေမယ့်ဘာစီလိုနာအသင်းကတော့ပထမပိုင်းအပြီး၊ ပြိုင်ဘက်ကိုဦးဆောင်နိုင်ရင်ဘယ်တော့မှ မရှုံးတဲ့မှတ်တမ်းက (၃၇)ပွဲမှာပဲ ရပ်တန့်သွားခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်အုပ်စုပွဲတုန်းက ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီးနောက်ပိုင်းအိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ(၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိတော့ဘဲ (၁၆)ပွဲနိုင်၊ (၂)ပွဲသာ သရေကျခဲ့ပါတယ်။

ယူနိုက်တက်အတွက်ကြီးမားတဲ့အပြောင်းအလဲတွေ ဖန်တီးပေးနေတာကနည်းပြအဲရစ်တန်ဟက်ရဲ့အရည်အချင်းကြောင့်လို့ သတ်မှတ်ရမှာဖြစ်ပြီးအဲရစ်တန်ဟက်ဟာ ယူနိုက်တက်အသင်းကိုကိုင်တွယ်တာ(၇)လသာရှိသေးပေမယ့်

နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဇာဗီ၊ ယာဂန်ကလော့ပ်၊ ဂွါဒီယိုလာ၊ အာတီတာ၊ကွန်တီ၊ ဘရန်ဒန်ရော်ဂျာစ်တို့ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူပြခဲ့ပါတယ်။

အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်တုန်းကလိုပြိုင်ဘက်တိုင်း လေးစားကြောက်ရွံ့ရတဲ့ ခံတပ်ကြီးတစ်ခုဖြစ်အောင် တည်ဆောင်ပြနေပြီလို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။