Manu sports

မနက်ခင်းစောစောလေးမှာ ပေါ့စိမ့်လေးတစ်ခွက်လောက်သောက်ပြီး တစ်စိမ့်စိမ့်လေးပြန်တွေးကြည့်တဲ့အခါ ဖာဂူဆန်ခေါတ်ကယူနိုက်တက်ကိုပြန်သတိရရင်း……….

မနက်ခင်းစောစောလေးမှာ ပေါ့စိမ့်လေးတစ်ခွက်လောက်သောက်ပြီး တစ်စိမ့်စိမ့်လေးပြန်တွေးကြည့်တဲ့အခါ ဖာဂူဆန်ခေါတ်ကယူနိုက်တက်ကိုပြန်သတိရရင်း……….

အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲကဟစ်ကြွေးသံများဟာ ကမ္ဘာဂုဏ်ကျယ်သ၍ဒီညမှာညံခဲ့တယ်။ ငါတို့ဟာ ယူနိုက်တက်ဖြစ်ကြောင်း၊ ငါတို့ရဲ့ တိုက်ပွဲဝင်လိုစိတ်ဟာ အပြည့်အဝရှိကြောင်း သက်သေပြသနိုင်ခဲ့တယ်။

ဘယ်သူတွေဘာပဲပြောပြော အချိန်တန်တော့လဲ ရွှေဘဟာ ရွှေဘပါပဲဆိုတဲ့ စကားလို့ ဒိုင်ဘယ်လောက် ကူကူ၊ ပွဲပြီးတော့ နိုင်သွားတာဟာ ယူနိုက်တက်ပဲ မဟုတ်လား။ ပျော်ပါ မိတ်ဆွေ။ဒီလိုအခါမျိုးမှာ ကျွန်တော်တို့ဟာ အပြည့်အဝပျော်ရဖို့ ထိုက်တန်ပါတယ်။

အိပ်မက်ကဇာတ်ရုံကြီးထဲမှာ ကျွန်တော်တို့ရဲ့ ဆုဖလားလေးလုံး အိပ်မက်တွေကို ဆက်လက်အသက်သွင်းနိုင်ခဲ့ကြပြန်ပြီ။ ဒီနေ့ပွဲဟာ ယူနိုက်တက်ရဲ့ သွေးဘယ်လောက်ရဲကြောင်း စပိန်မြေက ဘီလူးတွေကို ပြသနိုင်ခဲ့တာပဲ။ လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါးအောက်ဆိုတဲ့စကားဟာ အလကားထားခဲ့တာမှ မဟုတ်တာပဲလေ။

ဘာကာဟာ မြင့်မိုရ်တောင်လောက် မြင့်ပါစေဦး။ ဒီညအတွက်တော့ ယူနိုက်တက်ရဲ့ ခြေဖဝါးအောက်ကပါပဲ။ ကျွန်တော်တို့တွေဟာ ဒီညမှာလည်း ထိုက်တန်သူတွေဖြစ်ကြပါတယ်။ဒီညနိုင်ပွဲအတွက် တကယ့်အသိအမှတ်ပြုရမယ့် ပုဂ္ဂိုလ်ကတော့ အဲရစ်တန်ဟက်ပါ။

ပထမပိုင်းမှာအလုပ်မဖြစ်ခဲ့တဲ့ သူ့ရဲ့ကစားပုံကို ချက်ချင်းပြောင်းလဲရဲခဲ့တယ်။အဝတ်လဲခန်းထဲကသူ့ရဲ့ Team Talk တွေဟာလည်း အတော်လေး အရေးပါခဲ့ပုံရပါတယ်။ ဒုတိယပိုင်း ယူနိုက်တက်ဟာ အလုံးစုံပြောင်းလဲသွားခဲ့ပြီး၊ တိုက်စစ်ကို အလျင်အမြန်စတင်နိုင်ခဲ့လေတယ်။ တန်ဟက်ဟာ ယူနိုက်တက်အတွက်တော့ Right Person ပါလို့ ပြောလို့ရနေပါပြီ မိတ်ဆွေ။ ကျွန်တော်တို့သူ့ကို ယုံရဲဖို့သာ လိုပါတယ်။

ပထမပိုင်းတစ်ပိုင်းလုံးမှာ ဖရက်ဟာ ပျောက်နေခဲ့တယ်။ သူ့ကို အားမလိုအားမရလည်း ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ပထမပိုင်း ဖရက်ဟာ ဒုတိယပိုင်းဖရက်မဟုတ်ဘူး။ တခါတခါကြရင် စဉ်းစားမိတာက ဒါဟာ ငါတို့သိထားတဲ့ ဖရက်မှ ဟုတ်ရဲ့လားလို့ပါ။ လှုပ်အားနှုန်း၊ ဘောလုံးဆယ်ယူမှု စတဲ့အရာတွေဟာ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့တယ်။

ဆဲလို့ဆူလို့ဝသွားရင်လည်း ဒီညအတွက် လက်ခုပ်သံတွေကို ဖရက်အပေါ် ပိုပိုသာသာလေး တီးပေးလိုက်ကြပါ။ သူ့အတွက် လက်ခုပ်သံတွေဟာ ဒီညမှာ လိုတာထက်ပို ကျယ်လောင်နေသင့်တယ်မဟုတ်လား။အန်တိုနီဟာ တန်ဟက်အတွက်တော့ ရွှေပါပဲ။ အသင်းရဲ့ ညာခြမ်းတိုက်စစ်ဟာ အန်တိုနီနဲ့ဖြည့်မှပြည့်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့တာဟာအန်တိုနီပါလို့ကျွန် တော်ပြောရင် လွန်မယ်မထင်ပါဘူး။

ဒါကြောင့် ဒီညအတွက် အန်တိုနီဟာ သူရဲကောင်းတစ်ဦးဆိုတာထက်ကို ပိုပါတယ်။ ဒီနိုင်ပွဲဟာ ယူနိုက်တက်တစ်သင်းလုံးအတွက်၊ တစ်ကမ္ဘာလုံးက ယူနိုက်တက်ပရိသတ်တွေအတွက်၊နည်းပြ အဲရစ်တန်ဟက်အတွက်။ ကျွန်တော်တို့ရဲ့ ရင်ခုန်သံတွေဟာ အကျယ်လောင်ဆုံး မြည်ကျွေးလို့ ဒီညဟာ ငါတို့ညဖြစ်ကြောင်း ရဲရဲကြီး ထုတ်ဖော်ပြသရင်း ငါတို့ခေါတ်ပြန်ရောက်ပြီလို့တွေးလိုက်ပါတော့..
crd