Manu sports

ယူနိုက်တက်ကြယ်ပွင့် ဘရူနို ကို ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တယ်လို့ပစ်တင်ဝေဖန်လိုတဲ့ ကစားသမားဟောင်း ပီတာရှမိုက်ကယ်

ယူနိုက်တက်ကြယ်ပွင့် ဘရူနို ကို ရူးကြောင်ကြောင်နိုင်တဲ့လုပ်ရပ်ကိုလုပ်ခဲ့တယ်လို့ပစ်တင်ဝေဖန်လိုတဲ့ ကစားသမားဟောင်း ပီတာရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ဟာဘာစီလိုနာနဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပယ်နယ်တီက ဘရူနိုဖာနန်ဒက်စ်ရဲ့ရူးကြောင် ကြောင်အမှားကြောင့်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပွဲချိန်(၁၈)မိနစ်မှာ ယူနိုက်တက်အသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်းဘာစီလိုနာနောက်ခံလူ ဘယ်လ်ဒီကို ဘရူနိုဖာနန်ဒက်စ် ဆွဲလှဲချခဲ့တဲ့အတွက်ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့ပြီး ဒါကို လီဝန်ဒေါစကီးက ကန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်မှာ ဘရူနိုဖာနန်ဒက်စ်က သာမန်အတိုင်း ဘောလုံးလုယူဖို့ကြိုးစားတာဖြစ်ပြီး ၅၀-၅၀ အနေအထားမှာ ဒိုင်လူကြီးတာပင်ကပယ်နယ်တီပေးခဲ့တာက ဆုံးဖြတ် ချက် ပြင်းထန်လွန်းပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုးကို ဖရက်ဒ်က သွင်းယူခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကိုတော့ အန်တိုနီက မြေမကျကန်ချက်နဲ့သွင်းခဲ့တာကြောင့်အိမ်ကွင်းမှာ ဘာစီလိုနာကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ ရှမိုက်ကယ်က“ဘယ်လ်ဒီဟာ ဂိုးပေါက်နဲ့အဝေးကြီးမှာရှိနေပြီးပယ်နယ်တီဧရိယာအတွင်းမှပြိုင်ဘက် ကစားသမားကို ဒီလိုမျိုး ဆွဲလှဲခဲ့တာက ရူးကြောင်ကြောင်နိုင်လွန်းပါတယ်။ယ

ဒါက တကယ့်ကို ရူးမိုက်လွန်းတဲ့ အမှားဖြစ်သလို ဘယ်လောက်တောင်ရူးကြောင်ကြောင်နိုင်လဲဆိုတာ ကျွန်တော် ပြောစရာ စကားလုံးမရှိတော့ပါဘူး”လို့ ဝေဖန်ခဲ့ပါတယ်။