ယူနိုက်တက်မှာရွန်းနီလိုပေးဆပ်ကစားနေတဲ့ ကစားသမားတစ်ဦး ကို ထုတ်ပြောလိုက်တဲ့ ရော်ဘင်ဗန်ပါစီ နဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရော်ဘင်ဗန်ပါစီ နဲ့ ပေါလ်စခိုးလ် တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက လိုအပ်ချက်အရ တောင်ပံထွက်ကစားပေးခဲ့တဲ့ပြီးတကိုယ်ကောင်းဆန်မှုကင်းမဲ့တဲ့စိတ်ဓာတ်ကို
ချီးကျူးသွားခဲ့ပြီးပေါ်တူဂီ စတားကို ယူနိုက်တက် ဂန္တဝင်ကစားသမားဝိန်းရွန်းနီနဲ့ခိုင်းနှိုင်းသွားခဲ့ပါတယ်။ နောက်ပိုင် ပွဲစဉ်တွေမှာ နည်းပြ အဲရစ်တန်းဟတ်ဟာ ဝက်ဟော့စ်ကို နံပါတ် ၁၀ နေရာမှာ အသုံးပြုတာ များလာခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် ကတော့ တောင်ပံတွေမှာ ထွက်ကစားနေခဲ့ရပါတယ်။
တန်းဟတ်ရဲ့ ဒီနည်းဗျူဟာဟာ မနေ့ညက ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အလုပ် မဖြစ်ခဲ့ဘဲ စပိန်ကလပ်ဟာ ယူနိုက်တက်ကို ဦးဆောင်ထားနိုင်ခဲ့ပြီး တန်းဟတ်ဟာ ပထမပိုင်းအပြီးမှာ ဝက်ဟော့စ်ကို အန်တိုနီနဲ့ လူစားလဲခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ဘရူနိုဟာ သူ့ရဲ့ ပုံမှန် နံပါတ် ၁၀ နေရာမှာ ပြန်ကစားခဲ့ရပြီး ချက်ချင်းဆိုသလိုပဲ ဖရက်ရဲ့ ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ အနိုင်ဂိုး ကိုတော့ လူစားဝင် အန်တိုနီက သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ဟာ နှစ်ကျော့ပေါင်း (၄-၃) နဲ့ နောကိတဆင့် တက်သွားခဲ့ပါတယ်။
မနေ့ညက ဘရူနိုဖာနန်ဒက်စ်ကို တောင်ပံမှာ ကစားစေခဲ့တဲ့ တန်းဟတ်ရဲ့ ဗျူဟာဟာ အလုပ်မဖြစ်ခဲ့ပေမယ့်လည်း ဗန်ပါစီ နဲ့ စခိုးလ် တို့ကတော့ အသက် ၂၈ နှစ်အရွယ် ကစားသမားရဲ့ တကိုယ်ကောင်းမဆန်တဲ့ စိတိဓာတ်ကို ချီးကျူးသွားခဲ့ကာ ၎င်းဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ ရွန်းနီ လုပ်လေ့ရှိခဲ့သလိူမျိုး လုပ်နေတယ်လို့ ဆိုသွားပါတယ်။
ဗန်ပါစီ “ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ကလပ်အတွက် တောင်ပံတွေမှာ ထွက်ကစားပေးနေပါတယ်။ကြီးကြယ်တဲ့ ကစားသမားတွေဟာ အသင်းအတွက် ဒီလိုမျိုး လုပ်ပေးကြပါတယ်။
ရွန်းနီကလည်း မန်ယူနိုက်တက် ကစားသမားမှာ အကြိမ်ပေါင်းများစွာ တောင်ပံတွေထွက်ပြီး ကစားပေးခဲ့ပါတယ်။ ကြီးကြယ်တဲ့ ကစားသမားတွေဟာ များသောအားဖြင့် team player တွေ ဖြစ်ကြပါတယ်။ အသင်းက သူ့ကို တောင်ပံမှာ ကစားစေဖို့ အလိုရှိတဲ့အခါ သူဟာ ဒါကို လုပ်ပေးခဲ့ပါတယ်။
ဘရူနိုဟာ အသင်းအတွက် အားလုံးအတွက် နိုင်ပွဲတွေ ရယူပေးချင်တာကို ပြသနေတာ ဖြစ်ပါတယ်။ တောင်ပံမှာ ကစားနေရတာတောင် သူဟာ ကောင်းကောင်း လုပ်ပြနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော် အိုဝင်ဟားဂရေ့စ်ရဲ့ စကားကို ထောက်ခံပါတယ်။ သူ centre of the pitch နေ ကစားတာကတော့ အများကြီးကို ပိုကောင်းပါတယ်။” လို့ပြောသွားပါတယ်။
စခိုးလ်ကလည်း ဗန်ပါစီရဲ့ မှတ်ချက်ကို သဘောတူညီခဲ့ပြီး “ပထမပိုင်းမှာ သူ့ကို တောင်ပံမှာ ကစားစေခဲ့တာဟာ သိပ်ပြီး အလုပ် မဖြစ်ခဲ့ပါဘူး။ ဘရူနိုဖာနန်ဒက်စ်ဟာ တောင်ပံထွက်ကစားကာ ကလပ်အတွက် ပေးဆပ်ခဲ့တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဂျေဒွန်ဆန်ချိုကလည်း အနည်းငယ် ခြားနားတဲ့ ပုံစံနဲ့ ကစားခဲ့ရပါတယ်။
သူဟာပြီးခဲ့တဲ့ပွဲစဉ်မှာလူစားဝင်လာပြီးနောက်ကောင်း ကောင်း လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အတွင်းမှာ ဝင်ကစားနေရတာ သက်တောင့်သက်သာ ဖြစ်မနေခဲ့ပါဘူး။ သူဟာ တောင်ပံက နေရာလွတ်တွေမှာ ရှိချင်ခဲ့တာပါ။
ဒီလို ပွဲကြီးပွဲကောင်းတွေမှာ ကစားသမားတွေရဲ့ ပေးဆပ်မှုပိုင်းက တအားကို အရေးကြီးလှပါတယ်ခင်ဗျား ခုနက ရွန်းနီ အကြောင်းကို ထည့်ပြောခဲ့တဲ့ အတိုင်းပဲ သူဟာ ခရစ်စတီယာနိုရော်နယ်ဒို ခြေစွမ်းပြကစားနိုင်ဖို့အတွက် ဒီလိုမျိုး ပေးဆပ်မှုတွေ အများကြီး လုပ်ပေးခဲ့ပါတယ်။
ဘရူနိုဟာ အကွက်မြင်မှုနဲ့ အရည်အသွေးပိုင်း ကောင်းမွန်တဲ့ ကစားသမား ဖြစ်နေတာကြောင့် အသင်းမှာ ဘယ်နေရာပဲ ကစားရသည် ဖြစ်စေ ဂိုးကတော့ ဖန်တီးပေးနိုင်နေတာပါပဲ။” လို့ ချီးကျူးသွားခဲ့ပါတယ်။
crdSM