Manu sports

နိုက်တက်အသင်းမှာရှိုင်ကိန်းဝင်စားထားတဲ့ ကစားသ မားတစ်ယောက်ရှိနေပြီလို့ အမွန်းတင်လိုက်တဲ့ ပေါလ်စခိုး

ယူနိုက်တက်အသင်းမှာရှိုင်ကိန်းဝင်စားထားတဲ့ ကစားသ မားတစ်ယောက်ရှိနေပြီလို့ အမွန်းတင်လိုက်တဲ့ ပေါလ်စခိုး

မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ်က လက်ရှိမန်ယူကွင်းလယ်တွင် ကစားနေသော ကာဆီမီရိုသည် မန်ယူဂန္ထဝင်ကွင်းလယ်လူ ရွိုင်းကိန်းကို မိတ္တူကူးထားသည်နှင့် တူနေကြောင်း ပြောဆိုလိုက်ပြီး ကာဆီမီရို၏ ခြေစွမ်းကို ချီးမွမ်းလိုက်သည်။

ရီးရဲမက်ဒရစ်မှမန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ၃၁ ပွဲပါဝင်ကစားခဲ့ပြီး မန်ယူတွင် တန်းဟက်အတွက် အရေးအပါဆုံးကစားသမားတစ်ဦးအဖြစ် နေရာရလာခဲ့သည်။

အသက်၃၁နှစ်အရွယ်ရှိကာဆီမီရိုကို ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ ပေး၍ ခေါ်ယူစဉ်က မေးခွန်းထုတ်ခဲ့ကြသည်များရှိသော်လည်း၎င်း၏ခြေစွမ်းနှင့်အတူ သံသယမေးခွန်းများ တိတ်ဆိတ်သွားခဲ့သည်။

ကာဆီမီရို၏ ခြေစွမ်းနှင့် အတွေ့အကြုံကြောင့် မန်ယူသည် ပရီးမီးယားလိဂ်တွင် အာဆင်နယ် မန်စီးတီးတို့နှင့်ပုခုံးချင်းယှဉ်နေနိုင်ခြင်းဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။

ပေါလ်စခိုးလ်က မန်ယူအသင်းခေါင်းဆောင်ဟောင်း ကိန်းနှင့် ကာဆီမီရိုတို့ကြားတွင် တူညီမှုများရှိကြောင်းလည်း ပြောဆိုလိုက်သည်။ “ရီးရဲမက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေအများကြီး ရလာတဲ့ ကာဆီမီရိုက မန်ယူကွင်းလယ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားပါ။

မန်ယူအသင်းဝင်လူငယ်တွေအတွက်လည်း တန်ဖိုးရှိတဲ့ ကစားသမားဖြစ်ပါတယ်။ သူက ကွင်းထဲမှာ ဝင်ကစားနေတဲ့ နည်းပြဆရာတစ်ဦးနဲ့တောင်တူနေပါတယ်။ သူကွင်းထဲကို ဝင်လာရင် မန်ယူမှာ အပြောင်းအလဲတွေဖြစ်လာပါတယ်။ ကာဆီမီရိုက ဘောလုံးပေးပို့တာသိပ်ကောင်းပြီး သူ့ခြေစွမ်းရှိသလောက် ချီးမွမ်းမခံရဘူးလို့ထင်ပါတယ်။

ကာဆီမီရိုကို ကွင်းလယ်ခံစစ်ကစားသမားလို့ ပြောကြတယ်။ ကျွန်တော်ကတော့မထင်ပါဘူး။ သူက မန်ယူကွင်းလယ်မှာ ဘက်စုံရတဲ့တကယ့်ပြည့်စုံတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပါတယ်။ တခါတစ်လေ ရှေ့ကို ရောက်လာသလို တစ်ခါတစ်လေ နောက်တန်းမှာ ကစားနေတာကိုလည်း တွေ့ရတယ်။

တစ်ခါတစ်လေ အသင်းရဲ့ကစားကွက်ကိုလည်း ထိန်းချုပ်ထားတတ်ပါတယ်။ ကာဆီမီရိုက မန်ယူအတွက် ရွိုင်းကိန်းနဲ့ အတူညီဆုံး ကစားသမားလို့ ပြောလို့ရပါတယ်”ဟု ပေါလ်စခိုးလ်က ပြောဆိုလိုက်သည်။

ကာဆီမီရိုသည်ဘောလုံးလုယူရာတွင်သာမက ခြေထောက်ထဲတွင် ရောက်လာသော ဘောလုံးကို အမြန်ဆုံးနှင့် အထိရောက်ဆုံးပေးပို့နိုင်ခြင်းကြောင့်ထူးခြားသည့်ဘောလုံသမား တစ်ဦးဖြစ်ကြောင်း မန်ယူကွင်းလယ်ခံစစ်တွက်ကစားခဲ့သော အိုဝင်ဟားဂရိဗ်ကလည်း ထုတ်ဖော်ချီးကျူးပြောဆို လိုက်သည်။