ရီးယဲလ်ကို (၈)မှတ်ဖြတ်ထားတဲ့ ဘာစီလိုနာကို နိုင်ခဲ့တာလေလို့ ပညာသားပါပါပြောခဲ့တဲ့ တန်ဟက်ဂ် (ကြားထဲကတစ်သင်းပါခံစားသွားရပြီပေါ့)
တန်ဟက် ဘာစီလိုနာဆိုတာ ရီရဲလ်မက်ဒရစ်ကို (8)မှတ်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်ထားတဲ့ အသင်း ပါ။ဒီတစ်ပတ် ရီရဲလ်မက်ဒရစ်အသင်းစွမ်းဆောင်ချက် ကို (လီဗာပူးနဲ့နိုင်ပွဲ) ကျွန်တော်တို့မြင်ထားပါပြီး။ ဒါကြောင့်မို့ ဒီနိုင်ပွဲက ကြီးမားတဲ့နိုင်ပွဲပါ။
ဒီနိုင်ပွဲက ယူနိုက်တက်အတွက် အကြီးမားဆုံးနိုင်ပွဲလို့ပြောရမယ့်အပေါ်လား? ကျွန်တော်ကတော့ ဟုတ်တယ်လို့ပဲ ထင်မြင်မိပါတယ်။ ပကျော့ပွဲစဥ်တုန်းက နှစ်သင်းစလုံးက အနိုင်ရယူ ဖို့ အထနှေးခဲ့ကြတယ်လို့ ကျွန်တော်မြင်မိပါတယ်။ ပကျော့တုန်းက အခွင့်အရေးကောင်းတွေသိပ်မရတာလည်း ပါပါမယ်။
ဒါနဲ့ အကယ်လို့ အနိုင်ဦးဆောင်ဖို့ ဖြစ်သင့်တဲ့အသင်းဆို ကျွန်တော်တို့အသင်းသာဖြစ်သင့်ပါ တယ်။ ဒီနိုင်ပွဲရဲ့အရေးပါမှုအတွက် ကျွန်တော်က အန်တို နီ နဲ့ ဂါနာချိုတို့ကိုထည့်သွင်းခဲ့ပါတယ်။ သူတို့မှာ မြန်နှုန်း၊ လိမ်ခေါက်ကျော်ဖြတ်မှု၊ ပြေးလွှားလှုပ်ရှားမှုနဲ့အတူ ယုံကြည်မှုတွေ အပြည့်ရှိပါတယ်။ သူတို့နှစ်ဦးစလုံးကလည်း ဘယ်ပြိုင်ဘက်ကိုမှ ကြောက်ကြတာ မဟုတ်ဘူး။
ကျွန်တော်တို့အသင်းမှာပုဂ္ဂိုလ်ရေးအရာမှာရင်းနှီးမှု အရမ်းရှိကြတဲ့ ဗာရန် နဲ့ မာတီနက်ဇ်တို့လို ကစားသမား မျိုးကို ပိုင်ဆိုင်ထားပါတယ်။ အန်တိုနီ နဲ့ ဂါနာချိုဆိုရင် ဘယ်ပြိုင်ဘက်ကိုမှကြောက်ကြတာမဟုတ်သလိုဒါနဲ့ ကျွန်တော်တို့မှာ ဖာနန်ဒက်၊ ကက်စီမဲရိုတို့လို ကစား သမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
သူတို့လို ကစားသမားမျိုးတွေက ခက်ခဲတဲ့အချိန်တွေမှာတောင် အရှုံးပေးတက်ကြတဲ့ ကစားသမားတွေမဟုတ်ပါဘူး။ (16)သင်းအဆင့် မဲခွဲရင်ဘယ်အသင်းနဲ့တွေ့တွေ့ ဒါက ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ အရေးကြီးတာက နယူကာဆယ်နဲ့ပွဲအတွက်ဖြစ်တယ်။ ကျွန်တော်တို့က ပြိုင်ဘက်အားလုံးကို အနိုင်ကစားရပါမယ်။
ပြိုင်ဘက် တိုင်းကိုလည်း ကျွန်တော်တို့က လေးစားသွားပါမယ်။ဒါပေမယ့် ကျွန်တော်တို့က ဘယ်ပြိုင်ဘက်ကိုမဆို အနိုင် ကစားနိုင်ကြောင်းပြသနိုင်ဖို့ နောက်ကွယ်မှာ အလုပ်တွေ ကို ပြင်းပြင်းထန်ထန်ကြိုးစားသွားရမယ်။ အန်တိုနီ အသင်းအတွက် ကူညီပေးနိုင်တာကို ကျွန်တော်သိပါတယ်။ သူက ရဲရင့်တဲ့ ကစားသမားပါ။ ဘာကိုမှသူက ကြောက်နေမှာ မဟုတ်ဘူး။ ဒုတိယပိုင်းမှာ သူအသင်း အတွက် ယူဆောင်ပေးနိုင်တဲ့ skill တွေနဲ့အတူ ဂိုးပါသွင်း ယူနိုင်ခဲ့တယ်။ ဒီအသင်းအတွက် သူ့အနေနဲ့ အများကြီး စွမ်းဆောင်ပေးမှာပါ။
ကျွန်တော်က ပွဲစဥ်ပြင်းထန်တာကိုပဲ ကြိုက်ပါတယ်။ ငြိမ်သက်တဲ့ပွဲတွေဆို မကြိုက်ဘူး။ ဖျော်ဖြေမှုအပြည့်ပေးတဲ့ ပွဲတွေဆို ကျွန်တော်ကြိုက်ပါတယ်။ကျွန်တော်က ဘောလုံးပွဲတွေဆို မပျင်းရိစေချင်ပါဘူး။ ကျွန်တော်က ဘောလုံးပွဲဆို လူတွေအတွက်ဖျော်ဖြေတာမျိုးကိုပဲလို လားတယ်။ ဖရတ်လား? သူလုပ်ရမယ့်ကိစ္စက ဒီဂျောင် ကို တားဆီးဖို့ပါ။ ဒါက အလုပ်ဖြစ်ခဲ့တယ်။
သူဟာ ဒီဂျောင်ကို ခြင်တစ်ကောင်လိုပဲ တားဆီးအနှောက်အယှက် ပေးနိုင်ခဲ့တယ်။ သူ့ရဲ့အလုပ်မှာ တာဝန်ကျေခဲ့ပါတယ်။ ပွဲရဲ့ပထမပိုင်းကို ကျွန်တော်အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က ထင်သလိုတော့ အဲ့အချိန်မှာ မကစားနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ကက်စီမဲရိုကို ကျွန်တော်တို့က လုံလုံလောက်လောက်မသုံးနိုင်ခဲ့ပါဘူး။ ဝမ်ဘစ်ဆာကာဆို ရင်လည်း ညာတောင်ပံနေရာမှာနေရာလွတ်တွေများစွာ ရရှိခဲ့ပေမယ့် ကောင်းကောင်းအသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။ ရီရဲလ်မက်ဒရစ်အသင်းကို အမှတ်ပေးဇယားမှာ(8)မှတ် ဖြတ်ထားတဲ့ ဘာစီလိုနာကို အနိုင်ရလို့ အရမ်းကိုပျော်မိ ပါတယ်။ “လို့ပွဲပြီးပြောကြားခဲ့ပါတယ်။