Manu sports

ယူနိုက်တက်တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ရဲ့ နောက်ဆုံးထွက်ပေါ်လာသည့် ဒဏ်ရာအခြေနေ

ယူနိုက်တက်တိုက်စစ်မှုး ရက်ရှ်ဖိုဒ့် ရဲ့ နောက်ဆုံးထွက်ပေါ်လာသည့် ဒဏ်ရာအခြေနေ

ဘာစီလိုနာနဲ့ပွဲစဉ်အပြီး မြင်တွေ့ခဲ့ရတဲ့ ဗီဒီယိုဖိုင်ကြောင့် စိုးရိမ်နေချိန်မှာ ရက်ရှ်ဖို့ဒ် တင်လိုက်တဲ့ စတိုရီကြောင့် ပရိသတ်တွေ ပိုလို့တောင် စိုးရိမ်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လဲကျပြီး အသေးစား ဒဏ်ရာရရှိခဲ့ပုံပေါ်ခဲ့ပြီးနောက် ၈၈ မိနစ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကြာသပတေးနေ့ညမှာ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် play-off ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်ရဲ့ဗီဒီယိုဖိုင်ကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အပျော်တွေ လျော့ပါးခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လဲကျပြီး အသေးစား ဒဏ်ရာရရှိခဲ့ပုံပေါ်ခဲ့ပြီးနောက် ၈၈ မိနစ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ

စောင့်ဆိုင်းနေတဲ့ပရိသတ်တစ်ဦးကရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာရက်ရှ်ဖို့ဒ်ကအနည်းငယ်ထော့နဲ့ထော့နဲ့ လမ်းလျှောက်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်တွေဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်လ်နဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲကစားဖို့ ရှိတာကြောင့် ကြယ်ပွင့်ကစားသမားရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။

ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကောင်းမယ်ကြံလိုက်တိုင်း အဖျက်တစ်ခုမဟုတ် တစ်ခုကတော့ ပေါ်လာတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်သည် ဗိုလ်လုပွဲကိုကစားဖို့ ကြံ့ခိုင်မှုပြည့် မပြည့်ကို အတိအကျ မသိရသေးကြောင်း ယနေ့လေ့ကျင့်မှုကို လာရောက်ပူးပေါင်းကြောင်း၊ဆေးစစ်မှုများကို ဆက်လက်လုပ် ဆောင်သွားမည်ဟု နည်းပြတန်ဟက်မှ ပြောကြားခဲ့ သည်။