Manu sports

ခြေစွမ်းကောင်းပြီး ကုန်ကျမှုနည်းတဲ့ ပြင်သစ်တိုက်စစ်မှုးကိုသာ ယူနိုက်တက်ခေါ်ယူသင့်တယ်လို့ အကြံပြုလိုက်တဲ့ လူးဝစ် ဆာဟာ

ခြေစွမ်းကောင်းပြီး ကုန်ကျမှုနည်းတဲ့ ပြင်သစ်တိုက်စစ်မှုးကိုသာ ယူနိုက်တက်ခေါ်ယူသင့်တယ်လို့ အကြံပြုလိုက်တဲ့ လူးဝစ် ဆာဟာ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာကသူ့ရဲ့အသင်းဟောင်းအနေနဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့အတွက် ပြင်သစ်လက်ရွေးစင်ကစားသမား ကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးအသစ်တစ်ဦးခေါ်ယူသွားဖို့ ရှိနေပြီး ယူနိုက်တက်သည် နာပိုလီ တိုက်စစ်မှူး Victor Osimhen ကို ခေါ်ယူဖိုအတွက် ကင်းထောက်များ စေလွှတ်ခဲ့သလို Serie A ပွဲစဉ်များ၌လည်း

ကစားသမားကို လေ့လာမှုများရှိသည်။ ထို့ပြင် Benfica တိုက်စစ်မှူးGoncaloRamos နှင့် Jeremie Frimpong တို့ကိုလည်းစောင့်ကြည့်နေသည်ဟုFabrizio Romano ကအတည်ပြုထားပါတယ်။

ထိုကစားသမားတွေအကုန်လုံးဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပမာဏ ကုန်ကျနိုင်ပြီးတော့၊ မန်ယူအသင်းဘက်က ထိုအချိန်မှာ ပိုင်ရှင်အသစ်ရှိနေရင်တောင် ပြောင်းရွှေ့ကြေးအများအပြား အသုံးပြုသွားဖို့အတွက် မရှိတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ တိညက်စစ်မှူးဟာ မိုချန်ဂလာဘတ်အသင်းနဲ့ စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတော့တာဖြစ်ပြီး၊ အခုရာသီကုန်ရင် အသင်းကနေ သေချာပေါက်ထွက်ဖို့ ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူလို့ရနိုင်မာ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ဆာဟာကမားကပ် သူရမ်က ကြောက်ဖို့ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးပါ၊ သူ့မှာ အားအင်တွေအများကြီးနဲ့ ယုံကြည်မှုတွေ ရှိနေတာ နှစ်ခါတွေးစရာတောင် မလိုပါဘူး။ သူက အသင်းအပေါ် အရမ်းပေးဆပ်ကစားတတ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့၊ အဲ့ဒီလိုကစားသမားမျိုးက ကိုယ့်ကို သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်ဖို့ အာမခံချက်ရှိပါတယ်။

သူက ပြင်သစ်ကစားသမားမလို့ ကျွန်တော် ဒီလိုပြောတာမဟုတ်ပါဘူး ” သူ့ရဲ့ စိတ်ဓါတ်ခံယူချက်ကို ကျွန်တော် အရမ်းကြိုက်တယ်၊ မနှစ်တုန်းက သူ့မှာ ပြဿနာတစ်ချို့ ရှိခဲ့ပေမယ့်၊ သူက ကမ္ဘာ့ဖလားမှာ ကစားရဖို့ ထူးချွန်စွာ ပြန်လာပြခဲ့တယ်။ ဂျာမန်လိဂ်ကို ကျွန်တော် သိပ်မကြည့်ဖြစ်ပါဘူး၊

ဒါပေမယ့် သူ ဘာလုပ်နေသလဲတော့ စောင့်ကြည့်ဖြစ်တယ်၊ ဒီလို ကစားသမားမျိုးတွေက အခြားသူတွေထက် ကိုယ့်ကို အာမခံချက်ပိုပေးနိုင်တယ်လို့ ထင်တယ်ဒီကောင်လေးက အရည်အချင်းပြည့်ဝပြီးတော့၊ နည်းစနစ်ပိုင်းမှာ ပါးနပ်တယ်။ သူက ယူနိုက်တက်အတွက် ကစားသမားကောင်းတစ်ဦးပါပဲ ” လို့ ဆိုခဲ့ပါတယ်။