Manu sports

အသက်(၂၃)နှစ်နဲ့ စပါယ်ရှယ် ခြေစွမ်းကို ပြသနေသူ အန်တိုနီဆိုတာ မန်ယူရောက်ရောက်ချင်းဂိုးသွင်းပြီးဘာကာနဲ့ အာကြီးကို အနိုင်ဂိုးသွင်းပြသူ

အသက်(၂၃)နှစ်နဲ့ စပါယ်ရှယ် ခြေစွမ်းကို ပြသနေသူ အန်တိုနီဆိုတာ မန်ယူရောက်ရောက်ချင်းဂိုးသွင်းပြီးဘာကာနဲ့ အာကြီးကို အနိုင်ဂိုးသွင်းပြသူ

အန်တိုနီက သတ္တိရှိတယ်။ ကြောက်ရွံ့စိတ်မရှိဘူး။ အလိမ်အခေါက် ဂိုးသွင်းစွမ်းရည်ကောင်းတယ်။ ဒီ့အတွက် သံသယ ဖြစ်စရာကို မရှိပါ။”လို့ တန်ဟတ်က မှတ်ချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်ကို ရောက်လာပြီးချိန် အဖွင့်ပွဲမှာပဲ အာဆင်နယ်ကို ဂိုးသွင်းခဲ့တယ်။မန်ချက်စတာဒါဘီမှာ လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးထပ်ရခဲ့တယ်။

ညက ဘာစီလိုနာနဲ့ပွဲမှာ အရေးပါပြီး အဖိုးတန်တဲ့ အနိုင်ဂိုးကို သွင်းခဲ့ပြန်တယ်။

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၆ ဂိုးမှာ ထက်ဝက်ကျော်က အရေးပါတဲ့သွင်းဂိုးတွေဖြစ်ခဲ့ပြီးအသင်းကြီး၃သင်းအထိကို ဂိုးသွင်းနိုင်ခဲ့တာပါ။

အန်တိုနီက Big Game Player ဖြစ်မှန်းမသိဖြစ်လာနေပါတယ်။ ဒီထက်ကောင်းတဲ့ ခြေစွမ်းတွေပြသဖို့ လိုအပ်နေသေးပေမယ့် သူ့ရဲ့ အိုးထရက်ဖို့ဒ်ကစားသမားဘဝ ပထမဆုံးရာသီက မဆိုးဘူးလို့ ပြောရမလားပါပဲ။

ဒီနေ့တော့ အန်တိုနီ အသက် ၂၃ နှစ်ပြည့်ပါပြီ။ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ ဘာစီလိုနာကို အနိုင်ဂိုးသွင်းပြီး သူ့အတွက် သူ လက်ဆောင်ယူနိုင်ခဲ့ပါတယ်။